Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

တရားရုံးမှအပြန် ထောင်အာဏာပိုင်များ နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွား သဖြင့် ထိန်းသိမ်းခံကျောင်းသား နှင့်ဝန်းရံပြည်သူ ၇ဦး တိုက်ပိတ်ခံရ


တရားရုံးမှအပြန် ထောင်အာဏာပိုင်များ နှင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားသဖြင့် ထိန်းသိမ်းခံ ကျောင်းသား နှင့်ဝန်းရံပြည်သူ ၇ဦးသာယာ ၀တီထောင် တွင်တိုက်ပိတ်ခံရကြောင်း ဗကသ ဗဟိုလုပ်ငန်းကော်မတီမှ ကိုရှိုန်း ကThe Ladies သို့ပြောသည်။

ဇွန် ၃၀ရက် က သာယာဝတီတရားရုံးချိန်းအပြီး သာယာဝတီ အကျဉ်းထောင်ပြန်အရောက်တွင် ထိန်းသိမ်းခံကျောင်းသား များနှင့် ထောင် အာဏာပိုင်များအကြား ရုန်းရင်းဆန် ခတ်ဖြစ်ပွား သဖြင့် ဖြစ်ပွားရာတွင် ပါဝင်သူ ၇ဦးကို တိုက် ပိတ်ခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။

ကိုရှိုန်းက``အဲ့ဒါက သာယာဝတီထောင်မှာ ၇ယောက်တိုက် ပိတ်ခံရတယ်။သူတို့မနေ့က တရားရုံးကအပြန်မှာ ထောင်အာဏာပိုင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အတွက် တိုက်ပိတ်ခံရတာဖြစ်တယ်´´ဟု ပြောသည်။

တိုက်ပိတ်ခံရ ရာတွင်ပါဝင်သူ များမှာ ကိုအောင်မြင့်ဟန်၊ ကိုသန်းထိုက်၊ကိုဟိန်းဇော်ဝင်း၊ ကိုခန့်အောင်၊ ကိုကျော်ဇောလင်း၊ ကိုရန်နိုင်စိုးနှင့် ကိုကျော်ကျော်ထွန်းတို့ဖြစ်ပြီး မည်မျှတိုက်ပိတ်ခံရ မည်ကိုမသိရသေးကြောင်း သိရသည်။

လက်ရှိတွင် ထိန်းသိမ်းခံကျောင်းသားနှင့် ၀န်းရံပြည်သူများမှာ မတ်၁၀ရက်အကြမ်းဖက်ဖြိုခွဲစဉ် ကရရှိထားသည့် ဒဏ်ရာများ အား ကောင်း စွာကုသခွင့်မရခဲ့သည့် အတွက် ယခုအခါတွင် ကျန်းမာရေးအခြေအနေ စိုးရွာစွာ တွေကြုံနေရပြီး ဇွန် ၃၀ရက်ရုံးချိန်းတွင် ၀န်းရံပြည်သူ တစ်ဦးဖြစ်သည့် ကိုခင်လှိုင်မှာ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ကုသရန် ပို့ဆောင်ခြင်းခံရကြောင်း သိရသည်။

ကိုရှိုန်းက``မနေ့က ကိုခင်လှိုင်ရန်ကုန်ဆေးရုံကိုရောက်လာတယ်။ အရင်အရိုက်ခံရတဲ့ ဒဏ်ကြောင့် ဟောင်းတွေပြန်ပေါ်လာလို့ဖြစ်တာတွေ များတယ်။ တစ်ချို့ပြန်လွှတ်လာတဲ့ ရဲဘော်ဒဏ်ရာ တစ်ချို့ဆေးစစ် တာတွေပြန်လုပ်ရတယ်။ရိုက်ခံရတဲ့ဒဏ်တွေက အတွင်း ဒဏ်တွေ ဖြစ်ပြီးတော့ ကျန်တာကြောင့် ဒဏ်ရာပေါ်ပြီး ဖြစ်လာ တယ်။အပြင်ကလူတွေက စိုးရိမ်စရာမရှီဘူး။ ဆေးစစ်တာတွေ လိုအပ်တဲ့ဆေးကုသမှုတွေလုပ်နိုင်တာတွေကြောင့် အဆင်ပြေ ပါတယ်။ အထဲကလူ တွေသာကောင်းကောင်းဆေးကုသခွင့်မရလို အကြိမ်ကြိမ် အခုလိုဖြစ်နေရတာပါ´´ဟု ပြောသည်။

သတင်း-စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment