Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

လွတ်လပ်ရေးနေ့ ကော်လိုရာဒို ရန်ပုံငွေ ဈေးရောင်းပွဲတော်



ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများ အသင်း၏ ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို အမေရိကန် လွတ်လပ်ရေးနေ့ ဖြစ်သော ဇူလိုင် ၄ ရက်၊ စနေနေ့တွင် ပြုလုပ်မည်ဟု သတင်းရရှိပါသည်။ ပြည်နယ်မြို့တော် ဒင်ဗာတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည် ဖြစ်သည်။

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း ရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပမည့် Family Asia Market ဖြစ်ပါသည်။ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း ရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပမည့် Family Asia Market ဖြစ်ပါသည်။ရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် မြန်မာစားသောက်ဖွယ်များကို ရောင်းချမည် ဖြစ်သည့်အပြင် အဆိုအက၊ ကာရာအိုကေ တေးဂီတ အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမည့်နေရာမှာ ရှစ်ဆယ့်ရှစ် ကုန်စုံဆိုင် ခေါ် Family Asia Market ဖြစ်ပါသည်။ ဈေးပွဲတော်တွင် ပါဝင်ရောင်းချလိုသူ၊ အဆိုအကဖြင့် ဖျော်ဖြေတင်ဆက်လိုသူ၊ ကာရာအိုကေ သီဆိုလိုသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကြပါရန် ဖိတ်ခေါ်ထားသည်။ လက်ကမ်းကြော်ငြာယူရန် ကလစ်ခ် လုပ်ပါ။

ဦးသန်းလွင် (720-767-6336)

ကိုဂျွန် (720-839-9905)

ကိုသက်ကို (719-337-6300)

ဦးကိုဦး (720-949-5317)

ပွဲတော်ကျင်းပမည့် နေရာလိပ်စာ-
Family Asia Market
8800 East Colfax Denver CO, 80220

http://kabarthit.com/index.php?option=com_content&view=article&id=690:2015-06-30-18-39-25&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment