နိုင်
ရန်ကုန်၊ ဇူလိုင် ၃
အခြေခံတစ်ရက်လုပ်ခလစာကျပ် ၃၆ဝဝ အားမပေးနိုင်၍ အလုပ်ရှင်များ အလုပ်ပိတ်ပါက ဥပဒေအကြောင်းအရ ပိတ်ရန်လိုအပ်ကြောင်း၊ အလုပ်သမား များအနေဖြင့် တစ်ရက် လုပ်ခကျပ် ၃၆ဝဝ + ခရီးစရိတ် + နေထိုင်စရိတ် ပေးရန်နှင့်လုပ်ငန်းခွင် ပညာသင်ကြား နိုင်ခွင့်များပေးရန် နောက်ဆုံးတောင်း ဆိုပြီး၊ ထပ်မံညှိနှိုင်းရန် လုံးဝမရှိတော့ ကြောင်း အလုပ်သမားအဖွဲ့ချုပ် ၅ ဖွဲ့မှ သဘောထားထုတ်ပြန်ခဲ့ကြောင်း၊ မခြိမ်းခြောက်ပါနှင့် အလုပ်ပိတ်မယ် ဆိုရင်ဥပဒေကြောင်းအရပိတ်ဖို့လိုအပ် ကြောင်း ဦးဇာနည်သွေးက ဇူလိုင် ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။
အလုပ်ရှင်တွေကကျပ် ၃၆ဝဝပေး ရရင် ပိတ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မေးရှင်းပြီးသွားပါပြီ။ ရှင်းရှင်းပြောရရင် မခြိမ်းခြောက်ပါနဲ့ အလုပ်ပိတ်မယ်ဆိုရင် ဥပဒေကြောင်း အရပိတ်ပါ'' အဲဒီလိုပိတ်တဲ့ကြား ကာလမှာအကုန်ခံစားခွင့်ရှိတယ်။ အဲဒီ အကျိုးခံစားခွင့်ရှိတဲ့ကာလမှာ အလုပ် တစ်ခုထပ်ရှာရမှာပဲ။ ဒါကို အစိုးရနဲ့ ကျွန်တော်တို့ပူးပေါင်းပြီး တိုင်းပြည်မှာ စေတနာရှိတဲ့အလုပ်ရှင်တွေနဲ့ ပူးပေါင်း သွားမယ်''ဟု၎င်းကပြောကြားခဲ့သည်။
စက်ရုံပိတ်သိမ်းမှုနဲ့ ပတ်သက်၍ မြန်မာနိုင်ငံ ကျောင်းဆရာ/မများ အဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက တရုတ်နဲ့ ကိုရီးယားစက်ရုံတွေက ကျပ် ၃၆ဝဝ ပေးရင်စက်ရုံပိတ်သိမ်းဖို့အထိပြောတော့ ဒါဟာ အကျပ်ကိုင်တယ်လို့မြင်တယ်။ ကိုရီးယားနိုင်ငံမှာ အထည်ချုပ်လုပ်တဲ့ အလုပ်သမားတွေကို ၁၂ သိန်းခန့် အထိမပေးနိုင်ရင် ငှားဖို့မဖြစ်နိုင်ဘူး။ ကျွန်တော်တို့နိုင်ငံမှာကျတော့ ဒီနှုန်း မပေးနိုင်တာ ဂုတ်သွေးစုပ်ဖို့လာတာ လားဆိုတဲ့မေးခွန်းထုတ်ဖို့ လိုလာပြီ။ လွတ်လပ်တဲ့ ကုန်သွယ်မှု၊ ပြိုင်ဆိုင်မှု စနစ်ကိုစလာပြီဆိုရင် စီးပွားရေးလုပ် ငန်းရှင်တွေထွက်သွားရင်ထွက်ပါ။အလုပ် သမားကို အလုပ်သမားလိုတန်ဖိုးထား တဲ့အလုပ်ရှင်တွေကိုပဲ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ဖြစ်လိုက်သမျှ ဆန္ဒ ပြပွဲတွေဖြစ်ရင် ကိုရီးယားဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တရုတ် စက်ရုံဖြစ်တယ်ဆိုတာ ကိုတွေ့ရတယ်''ဟုပြောကြားခဲ့သည်။
အလုပ်ရှင်များအနေဖြင့်လည်း အနည်းဆုံးလုပ်ခ ကျပ် ၃၆ဝဝ သတ် မှတ်ပါကပြည်ပအထည်ချုပ်စက်ရုံများ စက်တင်ဘာလတွင်ပိတ်မည်ဖြစ်ကြောင်း၊ ပြည်တွင်းအထည်ချုပ်လုပ်ငန်းများမှာ လုပ်ငန်းဆက်လည်ပတ်မည်ဖြစ်ပြီး၊ ရပ်တန့်ရန် မဖြစ်နိုင်တော့သည့်အချိန် မှသာစက်ရုံပိတ်သိမ်းမည်ဖြစ်ကြောင်း၊ ဇူလိုင် ၂ ရက်တွငUMFCCI ၌ ပြော ကြားခဲ့သည်။
ပြည်ပလုပ်ငန်းရှင်တချို့က လုပ် ငန်းလည်ပတ်မှု ရပ်နားလိုက်မည်ဆိုပါ က ၄င်းတို့ရပ်နားလိုစိတ်မရှိဘဲ ရပ်နား ရခြင်းဖြစ်သည့်အတွက် အလုပ်သမား များအားဥပဒေအတိုင်းလျော်ကြေးပေး ရန်ဆန္ဒမရှိကြောင်းပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍အလုပ်သမား ကိုယ်စားလှယ် ဦးဇာနည်က။ ဒါက လုပ်ချင်တဲ့အတိုင်း အရင်လိုလုပ်လို့မရ ပါဘူး။အဲဒီလိုဖြစ်တာကလဲကျွန်တော် တို့တိုင်းပြည်မှာအလိုတော်ရိကြီးတွေရှိ တယ်။ ကိုရီးယား၊ တရုတ်ဘက်က ပေးမယ်ပြောတယ်။ ဒါပေမဲ့ သူတို့ကို ဒီလိုလုပ်လို့ရတယ်ဆိုပြီးပြောတဲ့လူတစ်စု ကြောင့် အခုလိုဖြစ်တာပါ။ ရင်းနှီး မြှုပ်နှံမှုဝင်လာတဲ့ ကုမ္ပဏီတွေကတော့ သူတို့ကုမ္ပဏီနာမည်ပျက်တာကို မလို လားပါဘူး။အခုကလုပ်လို့မရတဲ့ အခြေ အနေတွေရှိပါတယ်။ဒါကြောင့် အလုပ် ရှင်တွေ ကြိုက်သလိုဆုံးဖြတ်ဥပဒေ အတိုင်းသွားမယ်လို့ပြောချင်ပါတယ်'' ဟု ဆိုသည်။
လုပ်ခလစာနှုန်းထားကို ၂ဝ၁၂-၂ဝ၁၃ မှစတင်၍ ကျပ် ၇ဝဝဝ နှုန်းမှ ကျပ် ၄ဝဝဝနှုန်းအထိ လျော့ချတောင်း ဆိုခဲ့ရာ ယခုအခါတွင် အစိုးရမှ ကျပ် ၃၆ဝဝ သတ်မှတ်ပေးသည့် အပေါ် နှစ်ပတ် အတွင်း ကန့်ကွက်၍ ရရှိသည့်အတွက် ယင်းတင်ပြချက်ကို အမျိုးသာအဆင့် ကော်မတီအား တင် ပြသွားမည်ဖြစ်ကြောင်း၊ အလုပ်ရှင် များအနေဖြင့် ကျပ် ၃၆ဝဝ မပေး နိုင်သောစက်ရုံများ လက်ထောင်ရာည တွင် အားလုံးနီးပါး လက်ထောင်၍ မတတ်နိုင်ကြောင်း ဆန္ဒပြုခဲ့ကြသည်။
The Street View
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 3, 2015
မခြိမ်းခြောက်ပါနဲ့အလုပ်ပိတ်မယ်ဆိုရင် ဥပဒေကြောင်းအရပိတ်ပါ
မခြိမ်းခြောက်ပါနဲ့အလုပ်ပိတ်မယ်ဆိုရင် ဥပဒေကြောင်းအရပိတ်ပါ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment