အင်္ဂလန်နိုင်ငံသား ဂျွန်ဝက်ကင်ဆန်ဟာ ဘဏ်တစ်ခုမှာ ၀င်ရောက် လုပ်ကိုင်နေပြီး လန်ဒန်မြို့က တိုက်ခန်းတစ်ခုမှာ နေထိုင်နေတာကြောင့် ကျေနပ်စရာလို့ ထင်မှတ်နေကြပါလိမ့်မယ်။ ဂျက်ဝက်ကင်ဆန်ဟာ တစ်နှစ်ကို ၀င်ငွေပေါင် (၇၅၀၀၀) လောက် ရနေတာကြောင့် ဘ၀ကြီးကို အပူအပင်မရှိ နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ ဂျက်ဝက်ကင်ဆန်အတွက် မြို့ပြ နေထိုင်ရခြင်းဟာ အနှောင့်အယှက် တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ နံနက် အိပ်ရာက နိုးတာနဲ့ တွေ့ကြုံရမှုတွေကို မမြင်တွေ့လိုတာကြောင့် မြို့ပြမှာ နေထိုင်မှုကို စွန့်လွှတ်ဖို့ စဉ်းစားခဲ့ရာမှာ အကောင်းဆုံး နေရာရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒီနောက် ဂျွန်ဝက်ကင်ဆန်ဟာ ပိုင်ဆိုင်သမျှတွေကို ရောင်းချပြီး အလုပ်က နေထွက်ကာ အေးချမ်းတဲ့ နေရာကို ပြောင်းရွှေ့ ခဲ့ပါတယ်။
ဒီလိုပြုမူတဲ့ အချိန်မှာ ဂျွန်ဝက်ကင်ဆန်ရဲ့ အသက်က (၂၇)နှစ်သာ ရှိပါတယ်။ ဂျွန်ဝက်ကင်ဆန်ဟာ အရှေ့တောင်အာရှ နိုင်ငံထဲက လာအိုနိုင်ငံမှာ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဂျွန်ဝက်ကင်ဆန် နေထိုင်တဲ့ နေရာဟာ အလွန်အေးချမ်းတဲ့ နေရာဖြစ်ပြီး မဲခေါင်မြစ်မှာ တည်ရှိတဲ့ ဒွန်ဒက်ဒေသမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူဦးရေ (၄၀၀)လောက်သာရှိပြီး ဘ၀ကို ရိုးစင်းစွာ ဖြတ်သန်း နေကြသူတွေ စုဝေး နေထိုင်ကြတာ ဖြစ်ပါတယ်။ လျှပ်စစ်မီးမရှိ၊ ဇိမ်ခံပစ္စည်းတွေ မရှိဘဲ အပူအပင်ကင်းမဲ့စွာ နေထိုင်ကြတာဖြစ်ပြီး ၀မ်းရေးအတွက်လည်း ကိုယ့်ဘာသာကိုယ် ရှာဖွေမှု ပြုလုပ်ရပါတယ်။ ဂျွန်ဝက်ကင်ဆန်ဟာ ဒီဒေသမှာ နေထိုင်တာ လေးနှစ်ရှိနေပြီဖြစ်ပြီး တစ်ခါတလေမှာ မိသားစုတွေကို သတိရတတ်ပေမယ့် လက်ရှိနေထိုင်ရတဲ့ အေးချမ်းတဲ့ ဘ၀ကို နှစ်သက်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
ဒီဒေသဟာ အင်္ဂလန်နဲ့ ကွဲပြား ခြားနားလွန်းပြီး ၀ါးနဲ့ ဆောက်လုပ်ထားတဲ့ တဲအိမ်မှာ နေထိုင်ရတာဖြစ်လို့ အစာစားဖို့ အတွက် အမဲလိုက်ရှာဖွေရပါတယ်။ ဂျွန်ဝက်ကင်ဆန်ဟာ တစ်နေ့ကို အနည်းဆုံး ခုနစ်မိုင်လောက် လမ်းလျှောက်ရပြီး ဘ၀ ရပ်တည်မှုအတွက် လှုပ်ရှားရပါတယ်။ အင်္ဂလန်မှာရှိတဲ့ သူငယ်ချင်းတွေကို လွမ်းမိပေမယ့် ဒီနေရာရဲ့ သာယာအေးချမ်းမူက ဂျွန်ဝက်ကင်ဆန်ရဲ့ ဘ၀ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဂျွန်ဝက်ကင်ဆန်ကတော့ အင်္ဂလန်ကို ပြန်ဖို့ အစီအစဉ် မရှိတော့ဘဲ ဒီနေရာမှာ တစ်သက်လုံး နေထိုင်သွားဖို့ စိတ်ကူးထားသလို ဘ၀အတွက် လိုအပ်တဲ့ ကြင်ဖော်ကို ဒီနေရာမှာပဲ ရှာဖွေသွားမယ်လို့ ဆိုခဲ့ပါတယ်။
messenger news journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 21, 2015
ပေါင် (၇၅၀၀၀)ရတဲ့ အလုပ်ကို စွန့်ပြီး ကျေးလက်မှာလာနေသူ
ပေါင် (၇၅၀၀၀)ရတဲ့ အလုပ်ကို စွန့်ပြီး ကျေးလက်မှာလာနေသူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 21, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment