Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 22, 2015

လှေစီး ဘင်္ဂလီ ၁၅၅ ဦး ဘင်္ဂလာသို့လွဲပြောင်း


 ရန်ကုန်၊ ဇူလှိုင် ၂၂

 လှေစီး ရေမျောကမ်းတင် ဘင်္ဂလီ ၁၅၅ ဦးကို ယနေ့နံနက်က ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ လွဲပြောင်းလိုက်ပြီးဟု သိရသည်။

ယခု လွဲပြောင်းခံရသူ ၁၅၅ ဦးသည် ဧရာဝတီတိုင်း ဖျာပုံ ကမ်းလွန်တွင် ဖမ်းမိခဲ့သူ ဘင်္ဂလီ ၇၂၇ ဦးထဲက ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

ယနေ့နံနက် ၁၀ နာရီကျော်က နယ်စပ် ခေါင်းတုံးတွင် ပြုလုပ်သော နှစ်နိုင်ငံ အလံတင် အစည်းအဝေးတွင် လွဲပြောင်း ပေးလိုက်ခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

ယခု လွဲပြောင်းမှုသည် တတိယ အကြိမ် ဖြစ်သည်။ ၁၅၀ ဦးကို ဇွန်လ ၈ ရက်နေ့ ပထမ အကြိမ်အဖြစ် လည်းကောင်း၊ နောက်ထပ် ၃၇ ဦးကို လည်း ဇွန်လ ၁၇ ရက်နေ့က ဒုတိယ အကြိမ် အဖြစ်လည်းကောင်း လွဲပြောင်းပေးခဲ့သည်။

နောက်ထပ် ဘင်္ဂလီ ၁၀၅ ဦးကိုလည်း ကော့သောင်မြို့နယ် စောင်းကောက်ကျွန်း( ဒေသအခေါ် ဒယ်အိုးကျွန်း) အနီးတွင် ဇူလိုင် ဒုတိယအပတ်က ဖမ်းဆီးရမိခဲ့သည်။

လူသာကျော်(ရခိုင်)
Narinjara
https://www.facebook.com/pages/Narinjara

No comments:

Post a Comment