Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

မြစ်သာဆည်မြေပြို သုံးဦးသေဆုံး


ဒီနေ့ မနက်8:00amကျော်ကျော်လောက်မှာ မြစ်သာဆည်လုပ်ငန်းခွင်မှာ မတော်တဆမှုဖြစ်တယ်။
 မြေပြိုတာ အလုပ်သမားသုံးယောက်ပိတ်မိနေ တစ်ယောက်တော့ ဖော်ရပီ နာရေးကူညီမှုအသင်းကားကို အမြန်လာပေးပါလို့ အကူညီတောင်းလာပါတယ် ကျွန်မတို့နာရေးကား ခရီးလွန်နေလို့ ဆေးမင်းတောနာရေးကူညီမှုအသင်းကို ချိတ်ဆက်အကူညီတောင်းပီး ကျွန်မတို့က ဆိုင်ကယ်နဲ့လိုက်သွားကြတော့ နှစ်ယောက်ကတော့ ဖော်ရပီ တစ်ယောက်ကျန်နေတာ ဘတ်ဖိုးတွေနဲ့ အသည်းအသန်ရှာကြရင်း နောက်ဆုံးမှ
 ရှာတွေ့ပါတယ် ရှာတွေ့တော့ ပုဆိုးခေါင်းပေါင်း လေးတောင်မကျွတ်ဘူး ခါးတစ်ပိုင်းပဲ ဖေါ်ရပီး တပိုင်းက အတော်ကြာကြာမှ ဖေါ်ရပါတယ်။ အလောင်းရရင် နာရေးကားပေါ်တင်ပီး မင်းရွာဆေးရုံကို သယ်လာခဲ့ပါတယ်။ လီလင်းသူလေးက တစ်ယောက် တောင်သာက အသက်ငါးဆယ်ကျော်အရွယ် ဦးလေးကြီးတစ်ယောက် အောင်လံက မိန်းခလေးတစ်ယောက် စုစုပေါင်းသုံးယောက် အားလုံး သေဆုံးသွားကြတယ်။

 စိတ်မကောင်းလိုက်တာ လုပ်စရာရှိတာအကုန်လုပ်ပြီး ခုတော့ လီလင်းသူလေးကို ဆေးမင်းတောနာရေးကားနဲ့ပဲ ခု အပို့သွားနေပါပီ ရပ်ဝေးက ရုပ်အလောင်းတွေကိုတော့ ရင်ခွဲရုံမှာပဲ ထားပါသေးတယ် မိဘမွေးချင်းတွေ ကို ဆက်သွယ်လို့ အခုထွက်လာကြပါပီတဲ့ရှင် မနက်ဖြန်မှ သင်္ဂြုံလ်မယ်ပြောပါတယ် ကူညီစရာရှိတာ ဆက်ကူညီရအုန်းမှာပေါ့ရှင် အရမ်းလည်း စိတ်မကောင်းဖြစ်ရပါတယ် ကိုယ်ချင်းလည်းစာမိပါတယ် စားဝတ်နေရေးအတွက် လှုပ်ရှားရုံန်းကန်နေကြရတဲ့ ဘဝတွေကိုလည်း စာနာမိတယ် မမြင်နိုင်တဲ့ကြောက်
စရာကောင်းတဲ့ကံကြမ္မာအကြောင်းလည်းတွေးမိနေတယ် အရမ်းလည်း ရင်တွေတုန်နေပါတော့တယ် ရှင်။
Zin Mar Kyi
via Lwin Oo




No comments:

Post a Comment