ဒဗ္ဗလင် ၊ ၆-၇-၂၀၁၅
အိုင်ယာလန် နိုင်ငံသား ရာပေါင်းများစွာ တို့သည် ဆိုးရွားလာသော ကမ္ဘာ့ ရာသီဥတု ကြီးကို ဆန္ဒပြ ကန့်ကွက်သော အနေဖြင့် ဆန္ဒပြသူများက ၄င်းတို့၏ ခေါင်းများကို သဲကျင်းထဲ မြှုပ်ပြီး ပြသခဲ့ ကြသည်။
" Stop Climate Chaos " လူမှုရေး အဖွဲ့ကြီးက စည်းရုံး ဆန္ဒပြ ကန့်ကွက်ပွဲကြီးကို ဆန်ဒီမောက် ကမ်းခြေတွင် ပြုလုပ် ခဲ့ကြပြီး အင်္ဂလန် နိုင်ငံသားများ အနေဖြင့် ကမ္ဘာ့ ရာသီဥတု ဆိုးရွား လာနေမှုကို သတိပြုမိ ကြရန် ရည်ရွယ်ကြောင်း သိရသည်။
ချမ်းသာသော နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်သော်လည်း ယခုကဲ့သို့ တစ်နေ့တခြား ပြင်းထန် လာသော ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်နေမှု ကြီး၏ တိုက်ခိုက် လာမှုကို တုံ့ပြန်ရန် အစိုးရ၏ လုပ်ဆောင်မှုများ နှေးကွေး နေကြောင်း ဆန္ဒပြ သူများက ရှင်းပြသည်ဟု ၄င်း လူမှုရေး အဖွဲ့ကြီးက ပြောပြ၍ သိရသည်။
Yadanarpondaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
ကမ္ဘာ့ရာသီဥတု ဆိုးရွားလာမှုကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြသူများက ဦးခေါင်းများကို သဲကျင်းအတွင်း မြှုပ်ပြီးဆန္ဒပြ
ကမ္ဘာ့ရာသီဥတု ဆိုးရွားလာမှုကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြသူများက ဦးခေါင်းများကို သဲကျင်းအတွင်း မြှုပ်ပြီးဆန္ဒပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment