CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 10, 2015
ဧည့်စာရင်းဖြင့်နေထိုင်သူများ မဲပေးခွင့်ရရေး နှစ်လအတွင်းအပြီးဆောင်ရွက်မည်
မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် ဧည့်စာရင်းဖြင့် ရွှေ့ပြောင်းနေထိုင်သူများ မဲပေးပိုင်ခွင့်ရရှိရန် နာမည်စာရင်းများ ကောက်ယူနေပြီး နှစ်လအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်(အရှေ့ပိုင်းခရိုင်) ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မှ သတင်းရရှိသည်။
ဧည့်စာရင်းဖြင့်ရွှေ့ပြောင်း နေထိုင်သူများ၊ အိမ်ထောင်စုစာ ရင်းမရှိသူများ လာမည့်ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရရှိရန် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲ များက စာရင်းပြုစုဆောင်ရွက်နေ ပြီး အမည်စာရင်းများကို နှစ်လ အတွင်း ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ရန်ကုန်(အရှေ့ပိုင်း ခရိုင်) ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော် ကပြောသည်။
ဧည့်စာရင်းဖြင့်နေထိုင်သည့် နိုင်ငံသားများ၏ မဲစာရင်းကိုယခင် နေထိုင်ရာမြို့နယ်များတွင် ထုတ် ပြန်ကြေညာထားသော်လည်းလက် ရှိမိမိနေထိုင်ရာမြို့နယ်၌ မဲပေး လိုပါက နေထိုင်သည့်ရက်ပေါင်း ၁၈၀ ပြည့်ကြောင်းရပ်ကွက် အုပ် ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အတူ နည်းဥပဒေပါပုံစံ ၃(က) ဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲသို့ တင်ပြလျှောက်ထား ရမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
‘‘အိမ်ထောင်စုစာရင်းမရှိတဲ့ သူတွေရော၊ ရှိတဲ့သူတွေရော လူ တိုင်းမဲပေးနိုင်အောင် စီစဉ်နေပါ တယ်။ ဧည့်စာရင်းနဲ့နေတဲ့သူတွေ က မူလနေတဲ့နေရာမှာ အိမ် ထောင်စုစာရင်းရှိရင် မဲစာရင်းထဲ ပါ၊ မပါ ပြန်စစ်ကြည့်ရတယ်။ သူ တို့ကို လက်ရှိနေထိုင်တဲ့မြို့နယ် မှာ မဲစာရင်းထည့်ပေးရင် ယခင် မြို့နယ်မှာရှိတဲ့နာမည်စာရင်းကို ပြန်လျှော့ပေးဖို့လုပ်ဆာင်ရမယ်’’ ဟု ဦးခင်မောင်ကျော်က ပြော ကြားသည်။
လက်ရှိဧည့်စာရင်းဖြင့်နေ ထိုင်သူများကို ရက်ပေါင်း ၁၈၀ ပြည့်ပြီးသည်ဖြစ်စေ၊ မပြည့်သေးသည်ဖြစ်စေ မဲပေးနိုင်ရန် မြို့နယ် အချို့ကိုညွှန်ကြားထားသော်လည်း ညွှန်ကြားချက်မချပေးရသေးသည့် မြို့နယ်များကိုလည်း ဆောင်ရွက် ပေးရန် ညွှန်ကြားသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုကပြောသည်။
ဧည့်စာရင်းဖြင့် နေထိုင် သည့်ပြည်သူများအနေဖြင့် မဲဆန္ဒ ပေးရမည်ဆိုပါက မိမိနေထိုင်သည့်ဒေသသို့ ပြန်လည်မဲထည့် ရမည်မှာ အခက်အခဲတစ်ရပ်ဖြစ် နေပြီး မိသားစုစားဝတ်နေရေး နှင့် နှိုင်းယှဉ်ပါက ယင်းသို့ပြုလုပ် ရန် မဖြစ်နိုင်ကြောင်း စမ်းချောင်း မြို့နယ် ဇေယျဝတီရပ်ကွက်တွင် နေထိုင်သည့် အသက်(၆၈)နှစ်အ ရွယ် ဦးကျော်မြင့်ကပြောသည်။
‘‘တိုင်းပြည်ကိုတော့ ချစ်ပါ တယ်။ ဒါပေမဲ့ ထမင်းအငတ်မခံ နိုင်သေးပါဘူး’’ဟု ၎င်းက ပြောသည်။ လှိုင်မြို့နယ် ၇ ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော် စွာက ‘‘ကျွန်တော်တို့ရပ်ကွက်မှာ တော့ ဧည့်စာရင်းနဲ့နေထိုင်သူစာရင်းကို ကောက်နေတာ သုံးလေးရက်လောက်ရှိပြီ။ ကော်မရှင်က ညွှန်ကြားမှ ကောက်မယ်ဆို မှားကုန်မှာစိုးလို့ အခုကတည်းက ကြို ကောက်ထားတာ’’ဟု ဆိုသည်။
အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရန် ၁၂၁ ရက်သာ လိုတော့ကြောင်း သိရ သည်။
7day daily
ဧည့်စာရင်းဖြင့်နေထိုင်သူများ မဲပေးခွင့်ရရေး နှစ်လအတွင်းအပြီးဆောင်ရွက်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 10, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 10, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment