CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 7, 2015
ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းစေနိုင်သည့်အစားအစာများ
ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းခြင်းဖြင့် ကျန်းမာရေးအခြေအနေကို ထိန်းထားနိုင်သောကြောင့် နှစ်လကြာတိုင်း တစ်ကြိမ်သန့်ရှင်းပေး သင့်ကြောင်း ပညာရှင်များက ပြောသည်။
သို့သော် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းရေးလူကြိုက်များသော နည်းလမ်းများစွာမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် အန္တရာယ်ပိုဖြစ်စေနိုင်သောကြောင့် မှန်ကန်သော နည်းလမ်းဖြင့် သန့်ရှင်း အောင် လုပ်ရန်လိုသည်။ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားရန်မှာ မှန်ကန်သော အစားအစာများကို စားသုံးသကဲ့သို့ပင် လွယ်ကူနိုင်သည်။ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်သွားစေမည့် အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။
ထောပတ်သီးများကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်များ၊ အန္တရာယ်ရှိသော ဓာတုဓာတ်ပစ္စည်းများကိုဖယ်ရှား ပေးနိုင်သော ဓာတ်ပစ္စည်းတစ်မျိုး ပါဝင်သောကြောင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ထောပတ်သီး စားပေးပါ။
အနီရောင်ဘယ်ရီသီးအချဉ်(cranberry)သီးများတွင် ဘက်တီး ရီးယားများကို တိုက်ဖျက်နိုင်သော ဓာတ်ပစ္စည်းများပါဝင်ပြီး ခန္ဓာ ကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ကာ ဆီးလမ်း ကြောင်းရောဂါများကို တားဆီးကာကွယ်ပေးနိုင်သည်။
ခန္ဓာကိုယ်ထဲမှ ဓာတုပစ္စည်းများကို ဖယ်ရှားချေဖျက်ပစ်ခြင်း အတွက် အရေးကြီးသော ဆာလဖာဓာတ်များ ဂေါ်ဖီထုပ်တွင် ပါဝင် ပြီး ခန္ဓာကိုယ်က မလိုလားအပ်သော အရာများကို ဆာလဖာဓာတ်ကဖယ်ရှားပေးနိုင်သည်။
ဗီတာမင်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာ ပါဝင်သော ရှောက်သီးနှင့် သံပရိုသီးများက ခန္ဓာကိုယ်မှ ဓာတုပစ္စည်းများကိုဖယ်ရှားပေးနိုင်ပြီး ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းစေကာ အသည်းကို ကာကွယ်ပေးနိုင်သည်။
ဂေါ်ဖီပန်းစိမ်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အဆိပ်အ တောက် ဖယ်ရှားပေးသော အာဟာရဓာတ်များ၊ အစာချေဖျက်မှု အားကောင်းစေသော အင်ဇိုင်းများပါဝင်သည်။
ဆာလဖာဓာတ် မြင့်မားစွာ ပါဝင်သော ကြက်သွန်ဖြူမှာ ခန္ဓာ ကိုယ်စနစ်ကို သန့်ရှင်းစေမည့် အစားအစာဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ရောဂါပျောက်ကင်းစေနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်များပါဝင် သည်။ မုန်လာဥနီများစားပေးခြင်းဖြင့် အသည်းနှင့်ခန္ဓာကိုယ်စနစ်ကို ကာကွယ်ပေးကာ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
ဂရိတ်ဖရု(Grapefruit)များတွင် သကြားပါဝင်မှုနည်းပါးပြီး ခန္ဓာကိုယ်အစာချေဖျက်မှုစနစ်ကို သန့်ရှင်းစေနိုင်ကာ ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ်နိုင်သည်။
7daydaily
ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းစေနိုင်သည့်အစားအစာများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 07, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 07, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment