Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

ဝန်ကြီးချုပ်ဖိတ်ကြားချက်ကြောင့် မယ်ပြိုင်ပွဲမှာ ဒိုင်လုပ်ခဲ့တဲ့ ဇွန်သံစဉ်


 ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်၏ ဖိတ်ကြားချက်အရ မယ် စကြဝဠာပြိုင်ပွဲ (Miss Universe) စစ်တွေ အလှမယ်ရွေးချယ်ပွဲတွင် ပထမဆုံးအကြိမ် အကဲဖြတ်ဒိုင် အဖြစ် ဆောင်ရွက်ခဲ့ကြောင်း အလှမယ် ဇွန်သံစဉ်က ပြော သည်။

‘‘Miss Universe Myanmar ပွဲကိုယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်တိုင်းရင်း သူက ကိုယ်ပဲရှိခဲ့တယ်။ အခု ဒီလိုညီမငယ်လေးနောက်တစ် ယောက်ထွက်ပေါ်လာတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ဒီထက် ပိုပြီး နိုင်ငံတကာထိသွားပြိုင်ဖို့ ရွေးချယ်ခံရရင်တော့ ရခိုင်ရဲ့ဂုဏ် ကိုဆောင်နိုင်တဲ့အတွက် ပိုပြီးဝမ်း သာရမှာပါ’’ဟု ၎င်းက ပြော သည်။

ဒိုင်လူကြီးအတွေ့အကြုံမရှိ သော်လည်း ကိုယ်တိုင်ပြိုင်ပွဲဝင်ခဲ့ သည့် ပြိုင်ပွဲများမှ စည်းမျဉ်းစည်း ကမ်းများနှင့် အတွေ့အကြုံများ အရ ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး စစ်တွေကိုယ်စားပြု အလှမယ် များရရှိသည့် အမှတ်ကွာဟမှု နည်းခဲ့သောကြောင့် အမှတ်ပေး ရာတွင် အခက်အခဲအနည်းငယ် ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ကိုယ်တွေတောင် မော်ဒယ် စလုပ်တုန်းက သူတို့လောက် အချိုးကျချင်မှကျမှာ။ အားလုံးက အသစ်ဖြစ်ပေမယ့် အတတ်နိုင် ဆုံးကြိုးစားပြီးပြိုင်ခဲ့ကြတယ်။ အဲဒီအထဲက နံပါတ် ၁၆ ကိုရွေးခဲ့ တယ်။ သူက အသားလည်းဖြူ တယ်။ အရပ်အမောင်းလည်း ကောင်းတယ်။ စိတ်နေစိတ်ထား ကလည်း ရိုးသားတယ်။ ပွင့်ပွင့် လင်းလင်းလည်းရှိတယ်’’ဟု ဇွန်သံစဉ်က ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဇွန်သံစဉ် က ဒိုင်အဖြစ်ဆောင်ရွက်ပေးခြင်း နှင့် ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့ သည့် Luxury Brand Model Awards 2015 Winner ဆုရရှိ သည့် ရခိုင်တိုင်းရင်းသူတစ်ဦး အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ သောကြောင့် ဂုဏ်ပြုလွှာလည်း ချီးမြှင့်ခံခဲ့ရကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

Miss Universe စစ်တွေ အလှမယ်ရွေးချယ်ပွဲကို ဇွန်လ ၃၀ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Miss Universe စစ်တွေဆုရရှိသူ သည် စက်တင်ဘာလအတွင်း ပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲ၏ ဆန်ခါ တင်အလှမယ် ၂၀ဦးတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

7daydaily

No comments:

Post a Comment