CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
လူသတ်မူ၊ ဓားပြမှု ကျူးလွန်ခဲ့တဲ့ အလှမယ်
ဘော့စနီးယား အလှမယ်ဆုကို ရရှိခဲ့ဖူးပြီး ပလေးဘွိုင်းမော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ အသက် (၂၉)နှစ် အရွယ်ရှိ တိုဆစ်ပာာ လူသတ်မူ၊ ဓားပြမှုစတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။ တိုဆစ်ဟာ လူငါးဦးကို သတ်ရာမှာပါဝင်ခဲ့ပြီး ဒေါ်လာငွေ လေးသန်း တန်ဖိုးရှိတဲ့ ဓားပြတိုက်မှုမှာလည်း ပါဝင် ပတ်သက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းဖော် ထုတ်ခဲ့ပြီး ခရိုအေးရှားနိုင်ငံမှာ ဖမ်းဆီး လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ အမှုကိုတော့ ဘော့စနီးယားနိုင်ငံမှာပဲ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
တိုဆစ်ဟာ ဘော့စနီးယားမှာ ထင်ရှားတဲ့ မော်ဒယ်အဖြစ် ရပ်တည်နေသူဖြစ်ပြီး လက်တွဲဖော် ဒါကိုအီလက်နဲ့ ဆက်စပ်ပြီး ပြစ်မှုတွေ ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကိုအီလက်ဟာ ဘော့စနီးယားမှာ လူဆိုးဂိုဏ်းခေါင်းဆောင်အဖြစ် လူသိများပါတယ်။ လက်ရှိအချိန်မှာ ဒါကိုအီလက်ပာာ လူသတ်မှု၊ ဓားပြမူတွေ ကျူးလွန်ခဲ့တာကြောင့် ထောင်နန်းစံနေရပြီ ဖြစ်ပါတယ်။ တိုဆစ်ပာာ အရုပ်စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ လူပေါင်း (၃၂)ဦးကို ဖမ်းဆီးရာမှာ တစ်ဦးအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဓားပြမှုမှာ တိုက်ယူခဲ့တဲ့ ငွေကြေးတန်ဖိုးပာာ ဒေါ်လာ လေးသန်း လောက်ရှိမယ်လို့ တွက်ချက်ထားပါတယ်။တိုဆစ်ပာာ ဘော့စနီးယားနိုင်ငံမှာ ၀င်ငွေကောင်းတဲ့ မော်ဒယ်ဖြစ်ပေမယ့် ရာဇ၀တ် မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ တိုဆစ်ပာာ ချစ်သူဟောင်းဖြစ်သူ လူဆိုးဂိုဏ်းခေါင်း ဆောင်တစ်ဦဖြစ်တဲ့ ဇာဒါလီကိုသတ်ခဲ့ရာမှာလည်း ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
messenger news journal
လူသတ်မူ၊ ဓားပြမှု ကျူးလွန်ခဲ့တဲ့ အလှမယ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment