Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

ဒူးရင်းသီးအကြောင်း သိကောင်းစရာများ


အသီးတို့ရဲ့ ဘုရင်လို့ လူအများတင်စားခေါ်ဝေါ်ကြတဲ့ ဒူးရင်သီးဟာ အရှေ့တောင်အာရှမှာပဲ ရှိတဲ့ထူးခြားသစ်သီးတစ်မျိုးဖြစ်ပါတယ်။ အာရှနိုင်ငံသားတော်တော်များများက ကြိုက်နှစ်သက်ကြ ပြီး အရမ်းကိုနှစ်ခြိုက်စွဲလမ်းသူတွေရှိသလို စူးရှပြင်းထန်လှတဲ့အနံ့ကြောင့် အနံ့ရတာနဲ့မူးဝေ အော့အန်ပြီး ဖျားတဲ့အထိတောင်ဖြစ်ကြသူများလည်း ရှိပါတယ်။ အနောက်တိုင်းသားတွေ အနေနဲ့လည်း ဒူးရင်းသီးရဲ့အနံ့ကို ပုပ်သိုးနေတဲ့အနံ့လို့ ထင်မြင်ကြပြီး မခံမရပ်နိုင်ဖြစ်တာရှိသလို တချို့က စမ်းသပ်စားကြည့်ပြီး စွဲလမ်းနှစ်သက် သွားကြသူတွေလည်း ရှိပါတယ်။

ဒူးရင်းသီးဟာ ဘ၀မှာ တခါဖြစ်ဖြစ် မြည်းစမ်းစားကြည့်သင့်တဲ့ စိတ်ဝင်စားဖွယ်ရာ အသီးတစ်မျိုး ဖြစ်ပါတယ်။ သရက်သီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီးတို့နဲ့ ရာသီတစ်ချိန်တည်းဖြစ်ပြီး ဆောင်းရာသီ အကုန်လောက်မှာ သီးတတ်ပါတယ်။ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့မှာ သစ်သီးဆိုင်တိုင်းမှာ တွေ့နိုင်ပါတယ်။

ဒူးရင်းသီးကို စတင်စားလိုသူတွေအနေနဲ့ရော စားနေကျလူတွေအတွက်ပါ ဆောင်ရန် ရှောင်ရန်လေးတွေ မျှဝေချင်ပါတယ်။

ဒူးရင်းသီးကို စားလည်းစားချင်ပြီး ဒူးရင်းသီးရဲ့ အပူဒဏ်ကို မခံနိုင်သူတွေရှိကြတာမို့ အပူဓါတ်ကို ပြယ်စေဖို့ နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ ဒူးရင်းသီးစားပြီးတဲ့အခါ မင်းဂွတ်သီးစားလိုက်ခြင်း ဒါမှမဟုတ် အုန်းစိမ်းရည်သောက်လိုက်ခြင်းက အပူဓါတ်ကို ပြယ်စေပါတယ်။
ဒူးရင်းသီးကို ကိုယ်ကစားချင်ပေမဲ့ ကိုယ့်အနီးအနားနေသူ တစ်ယောက်ယောက်က အနံ့မခံနိုင် တဲ့အခါ စားပြီးရင် အနံ့ပျောက်အောင်လုပ်နည်းလေး ပြောပြချင်ပါတယ်။ ဒူးရင်းသီးစားပြီးတဲ့အ ခါ ဒူးရင်းသီးအခွံထဲရေထည့်ပြီး အဲဒီရေကိုသောက် အဲဒီရေနဲ့ လက်ဆေးပါ။ ဒါဆို အနံ့တွေ ပျောက်သွားတာကို အံ့သြဖွယ်ရာတွေ့ရပါလိမ့်မယ်။
ဒူးရင်းသီးစားရင်း ဘီယာသောက်တဲ့အခါ နောက်တစ်နေ့မနက်မှာ အပြင်းအထန်ခေါင်းကိုက် တတ်ပါတယ်။ ဒါကြောင့် ဒူးရင်းသီးစားတဲ့နေ့မှာ ဘီယာ၊ အရက်၊ ၀ိုင် စတဲ့ အရက်ပါဝင်တဲ့ သောက်စရာဟူသမျှကို ရှောင်ကြည်သင့်ပါတယ်။
ဒူးရင်းသီးရဲ့ ကျန်းမာရေး ကောင်းကျိုး ဆိုးကျိုးများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ဒူးရင်းသီးဟာ အာဟာရအလွန်ပြည့်ဝတဲ့ အသီးဖြစ်ပြီး မှာ ကျန်းမာရေးကောင်းကျိုးများစွာရှိ တဲ့ ဗီတာမင်တွေ၊ ဓါတ်သတ္တုတွေများစွာပါရှိပါတယ်။ ဗီတာမင် C၊ ဗီတာမင် B1 နဲ့ ဗီတာမင် B6 တို့ပါဝင်တဲ့အပြင် copper၊ magnesium၊ potassium နဲ့ manganese ဓါတ်သတ္တုတို့လည်း ပါဝင်ပါတယ်။ အိပ်ဆေးလို အစွမ်းထက်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်တဲ့အတွက် အိပ်မပျော်ခြင်းကို ကုသပေးပြီး စိတ်ပူပန်စိတ်ဓါတ်ကျခြင်းကို သက်သာစေပါတယ်။
ဒူးရင်းသီးဟာ ကျန်းမာရေးအတွက်ကောင်းကျိုးရှိပေမဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ရှိသူများ အနေနဲ့ များများမစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်တွေကတော့ ဒူးရင်းသီးကို လုံးဝကိုရှောင်ရှားရမှာဖြစ်ပါ တယ်။ ပြီးတော့ ဒူးရင်းသီးကို တ၀တပြဲစားခြင်းကိုရှောင်ရှားပြီး နွေရာသီမှာဆိုရင် တစ်နေ့ကို ၂မြွှာ မှ ၄ မြွှာခန့်သာစားသင့်ပါတယ်။ စိတ်အလိုလိုက်ပြီး အများကြီးစားမိရင်တော့ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ အပူဒဏ်ကြောင့် မအီမသာဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
*****အထူးသတိပြုစေလိုတာကတော့ ဒူးရင်းသီးစားတဲ့အခါ အရက်ကိုလုံးဝ (လုံးဝ) မသောက်သင့် ကြောင်းပါပဲ။


Yangon Life

No comments:

Post a Comment