Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 4, 2015

ကူညီနိုင်သူများကူညီဖြေရှင်းပေးကြပါ





ဒါကတော့ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီမြို့ ကွက်သစ်ရပ်ကွက်တွေမှာ မြို့နယ်စည်ပင်က
လမ်းဟောင်းပြင်ပြီး လမ်းသစ်ခင်းပေးထားခဲ့တာပါ။

မကြာပါဘူး...

လမ်းသစ်က ပုံမှာမြင်ရတဲ့အတိုင်းပဲ မုတ်သုံမိုးအဝင်မှာ ဒီလိုဖြစ်သွားပါတယ်။ ခုမိုးရာသီ ကျောင်းဖွင့်ချိန်မှာ ရပ်ကွက်နေ ကျောင်းသွား-ပြန်ကြတဲ့ကလေးတွေနဲ့ အလုပ်သွား-ပြန် လမ်းအသုံးပြုကြသူအားလုံး အခက်အခဲဒုက္ခတွေကို နေ့စဉ်ကြုံတွေ့နေရပါတယ်။

သာယာဝတီမြို့ ကွက်သစ် (၁)(၂)(၃)လမ်းတွေနဲ့ ဆရာစံမြို့သစ်က လမ်းတွေအကုန်လုံး ဒီလိုမျိုးဖြစ်ကုန်တာကတော့ မြို့နယ်ကသက်ဆိုင်ရာတာဝန်ရှိသူတွေ မျက်နှာလွဲမထားသင့်ပါဘူး။

ပုံကတော့ နယ်မြေခံရပ်ကွက်နေ သူငယ်ချင်းတစ်ယောက်က ပို့ပေးတာပါ။

ကူညီနိုင်သူများကူညီဖြေရှင်းပေးကြပါ။

Htin Oo Maung

No comments:

Post a Comment