CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 4, 2015
ကော့ကရိတ် မြ၀တီ အာရှလမ်းတွင် ခရီးသည်လင်မယားနှစ်ဦးပစ်ခတ်ခံရ
ယနေ့ ၄.၇.၂၀၁၅ မွန်းလွဲ ၁း၀၀နာရီအချိန်ခန့်တွင်ကော့ကရိတ်မှ မြ၀တီမြို့သို့ထွက်ခွာလာသော
ဆိုင်ကယ်တစ်စီးကော့ကရိတ်အတွက် ကော့နွဲရွာအလွန်တွင်လက်နက်ငယ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။
ဘားအံမြို့နယ်၊ မြပြည်ရွာနေ ဦးကျော်ကိုင်း အသက်(၄၄)နှစ်ဖြစ်ပြီးတင်ပါးအထက်ပိုင်း
တွင်သေနပ်ဒါဏ်ရာတစ်ချက် ထိသွားပြီး မိန်းမဖြစ်သူမှာ နန်းမြင့်သန်း အသက်(၄၃)နှစ်ဖြစ်ပြီး ညာ
ဖက်ပေါင်ရင်းတွင်သေနပ်ဒါဏ်ရာတစ်ချက် ထိသွားသည်။ကော့ကရိတ်ဆေးရုံမှ ဆရာဝန်ဆရာမများက
လိုအပ်သောဆေးကုသမှုများဆောင်ရွက်လျှက်ရှိသည်။
ဒီလမ်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်တို့မသိကြပါဘူး၊ ဒါကြောင့်လည်း ခါတိုင်းလိုဘဲ
ကျနော်တို့လင်မယားနှစ်ယောက်ဆိုင်ကယ်နဲ့တက်သွားတာပါ ဟုဦးကျော်ကိုင်းမှပြောဆိုပါတယ်။
ဒါဏ်ရာတွေကတော့ မစိုးရိမ်ရပါဘူး၊သေချာအောင်လို့ နှစ်ယောက်လုံးကိုဓါတ်မှန်ရိုက်ထားပါတယ်၊
ဓါတ်မှန်အဖြေကိုကြည့်ပြီးကျနော်တို့ ထိရောက်တဲ့ဆေးကုသမှုပေးသွားမှာပါဟုကော့ကရိတ်ဆေးရုံ
လက်ထောက်ဆရာဝန်မှပြောဆိုသွားပါသည်။
ကော့ကရိတ်မြ၀တီ အာရှလမ်းတွင် ပြီးခဲ့သောနှစ်ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်
ယာဉ်အသွားအလာမရှိဘဲ ဖြစ်နေပါသည်။
Credit Dawna Aungtoe
via Lwin Oo
ကော့ကရိတ် မြ၀တီ အာရှလမ်းတွင် ခရီးသည်လင်မယားနှစ်ဦးပစ်ခတ်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment