Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

ဦးအောင်သောင်းရဲ့ အခြေအနေ


   

    စင်ကာပူမှာဆေးကုသမှုခံယူနေတဲ့ အောင်သောင်းပါ...စိုးရိမ်ပေးနေသူများ
ဆုတောင်းပေးလိုက်ကြပါအုံး....
BBC သတင်းအရ ဦးအောင်သောင်းရဲ့ GCS = 5 လို့သိရပါတယ်။
GCS =Glasgow Coma Scale (သတိမေ့မှုစကေး)
COMA = သတိလစ်မေ့မျောခြင်း
.
ပြထားတဲ့ဇယားမှာပါတဲ့အတိုင်း
၁။ မျက်စိဖွင့်နိုင်မှု (Eye opening response)
၂။ စကားပြောနိုင်မှု (Verbal response)
၃။ ကိုယ်လက်လှုပ်ရှားနိုင်မှု (Motor Response)
ဆိုတာတွေနဲ့ တိုင်းတာပါတယ်။
.
အသက်ရှူစက်နဲ့ နေရတယ်ဆိုတော့ ပါးစပ် သို့မဟုတ် နှာခေါင်းထဲမှာ
ပိုက်ထည့်ထားတော့ စကားမပြောနိုင်တာ အသံမထွက်နိုင်တာ သေချာပါတယ်။
.
ဒါကြောင့်
၂။ စကားပြောနိုင်မှု (Verbal response) မှာ တစ်မှတ်ပဲ ရပါတယ်။
၁။ မျက်စိဖွင့်နိုင်မှု (Eye opening response) နဲ့ ၃။ ကိုယ်လက်လှုပ်ရှားနိုင်မှု (Motor Response) တွေမှာ ၂ မှတ်စီရပါတယ်။ မျှားအနီတွေနဲ့ ပြထားပါတယ်။
.
အားလုံးပေါင်းလိုက်ရင် BBC သတင်းထဲကလို ၅ မှတ်ရပါတယ်။
.
ဇယားရဲ့ အောက်ဆုံးစာကြောင်းမှာ ရေးထားတာကို ဖတ်ရင်
Severe Brain Injury = 3 - 8
Moderate Brain Injury = 9 - 12
Minor Brain Injury = 13 - 15
ဆိုတာကို တွေ့ရမှာပါ။
3 အဆိုးဆုံးဖြစ်ပြီး 15 ကတော့ အကောင်းဆုံးပါ။ ဦးအောင်သောင်းမှာက
အဆိုးဆုံးထက် ၂ မှတ်ပဲ ပိုများပါတယ်။ နောက်ထပ် ၃ မှတ် ထပ်ပေါင်းနိုင်
ရင်တောင် ၈ မှတ်ပဲရှိသေးတဲ့အတွက် အဆိုးထဲမှာပဲ ရှိပါသေးတယ်။
.
အဲဒီတော့ ဦးအောင်သောင်းရဲ့ သတိမေ့မှုဟာ (Severe Brain Injury = 3 - 8)
ဆိုးရွားသော သတိမေ့မှုလို့ ခေါ်ရမှာပါ။
.
အတွေ့အကြုံအရဆိုရင် ဒီလိုအခြေအနေဟာ အကောင်းပကတိဖြစ်လာတာ
မတွေ့ခဲ့ဘူးပါ။ အသက်ရှင်ရင် ကံအကောင်းဆုံးပါ။ အသက်ရှင်ရင်တောင်
နာတာရှည်ဒုက္ခိတဘဝနဲ့ နေရဖို့က ဖြစ်ဖို့ အများဆုံးပါ။ ဘယ်သူမှ မနေချင်တဲ့
ဘဝမျိုး ဖြစ်ဖို့က များပါတယ်။
.
ဒီအချက်တွေအားလုံးဟာ BBC သတင်းအရ GCS=5 ဆိုတဲ့ အပေါ်မှာ
တွက်ချက်ပြောရတာပါ။ အဲဒီပြောတဲ့အချက်ကို လူမမာကိုကိုယ်တိုင်စမ်းသပ်
တဲ့သူက မှားပြောတယ်ဆိုရင်တော့ ကျနော်ပြောတာလဲ မမှန်နိုင်ပါဘူး။
.
BBC သတင်းကို အောက်ပါလင့်မှာ နားထောင်နိုင်ကြပါတယ်။
.
https://soundcloud.com/bbcburmese/u_aung_thaung_1

Tam Kee

No comments:

Post a Comment