သင်အကြိုက်ဆုံး အမြှပ်တထထနဲ့ ကိုကာကိုလာ တစ်ဗူးကို သောက်ပြီးချိန်မှာ ခန္ဓာကိုယ်တွင်း ဘာတွေဖြစ်ပျက်သွားလဲဆိုတာ စူးစမ်းကြည့်ဖူးပါလား။ နာမည်ကြီး UK ဆေးစပ်ပညာရှင် Niraj Naik က သူ့ ရဲ့ တွေ့ ရှိချက်တွေကို အခုလို ရေးသားအသိပေးခဲ့ပါတယ်။
ပထမ ၁၀ မိနစ်အတွင်း
သကြားစားပွဲတင်ဇွန်း ၁၀ ဇွန်းစာ ပမာဏက သင့်ရဲ့ခန္ဓာကိုယ်တွင်းအဖွဲ့ အစည်းက စတင် ရောက်ရှိပါတယ်။ အချိုဓာတ်လွန်ကဲမှုကြောင့် ဖြစ်ပေါ်မယ့် အန်ချင်စိတ်ကို ထိန်းချုပ်ထားနိုင်အောင် ဖော့စဖောရစ်အက်ဆစ်က အရသာကို ဖြတ်တောက်ပေးလိုက်ပါတယ်။
မိနစ် ၂၀
သွေးတွင်း သကြားဓာတ်ပါဝင်မှုက ဆောင့်တက်လာပြီး ပန်ကရိယကနေ သကြားထဲ သွေးအတွင်းဝင်မှုကို ထိန်းပေးတဲ့ အင်ဆူလင်ကို ထုတ်ပေးလိုက်ပါတယ်။ သင့်ရဲ့အသည်းက သကြားဓာတ်တွေကို အဆီအဖြစ် ပြောင်းလဲသိုလှောင်လိုက်ပါတယ်။
မိနစ် ၄၀
ခန္ဓာကိုယ်က ကာဖိန်းဓာတ်စုပ်ယူမှု အပြည့်အ၀ပြီးဆုံးပါပြီ။ သင့်ရဲ့အသည်းက သွေးလမ်းကြောင်းထဲ သကြားပမာဏပိုထည့်ပေးလိုက်တာကြောင့် သင့်ရဲ့မျက်ဆံက ကျယ်လာပြီး သွေးဖိအားမြင့်တက်လာပါတယ်။ ဦးနှောက်တွင်းက အဒီနိုဆင်းရီဆက်တာကို ပိတ်လိုက်တာကြောင့် အိပ်ချင်ငိုက်မျဉ်းမှုတွေ မဖြစ်ပေါ် နိုင်တော့ပါဘူး။
၄၅ မိနစ်
၄၅ မိနစ်အကြာမှာတော့ ဒိုပါမင်ထုတ်လုပ်မှုမြင့်တက်လာပြီး ဦးနှောက်တွင်းက ပျော်ရွှင်မှုထိန်းချုပ်တဲ့အကန့် ဟာ ကို ပိုနှိုးဆွသလိုဖြစ်သွားပါတယ်။ ဒါဟာ ဦးနှောက်ကို ဘိန်းဖြူ က လုပ်ဆောင်ပေးတဲ့နည်းလမ်းနဲ့ တူတူပါပဲ။
၆၀ မိနစ်
တစ်နာရီအကြာမှာ ကာဖိန်းရဲ့ ဆီးရွှင်စေတဲ့ဂုဏ်သတ္တိက အစွမ်းပြလာပါတယ်။ သွေးတွင်းသကြားပါဝင်မှုကျဆင်းလာပါတယ်။ သင်ဟာ အခုအချိန်မှာ ကိုကာကိုလာ ထဲမှာပါတဲ့ ရေတွေကို ဆီးလမ်းကြောင်း က ပြန်စွန့် ထုတ်နေပါပြီ။ တက်ကြွလန်းဆန်းမှုမရှိတော့ပဲ သကြားဓာတ် ကျဆင်းမှုကို သင်ခံစားရတော့မှာပါ။ ဒီအချိန်မှာ သင်ဟာ လှုပ်ချင်ကိုင်ချင်စိတ်လျော့နည်းလာပြီး စိတ်ကသိကအောက်ဖြစ်လာတတ်ပါတယ်။“ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ တစ်နေ့ ကို ကိုလာကိုလာဗူးပေါင်း ၁.၆ ဘီလီယံကျော် ရောင်းချနေရပါတယ်။ သင့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်တော့ နောက်တစ်ခါ ကိုကာကိုလာတစ်ဘူးဝယ်ခါနီးတိုင်း ဒီဆောင်းပါးကို သတိရပေးပါ” လို့ Dr.Nail က ပြောကြားခဲ့ပါတယ်။
TrendMyanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 30, 2015
ကိုကာကိုလာတစ်ဗူးက သင့်ခန္ဓာကိုယ်ကို တစ်နာရီအတွင်း အကျိုးများစွာ သက်ရောက်နိုင်ပုံ
ကိုကာကိုလာတစ်ဗူးက သင့်ခန္ဓာကိုယ်ကို တစ်နာရီအတွင်း အကျိုးများစွာ သက်ရောက်နိုင်ပုံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 30, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 30, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment