CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 24, 2015
သိပ္ပံပညာရှင်စတီဗင်ဟော့ကင်းရဲ့ ဒေါ်လာသန်း ၁၀၀ သုံးစွဲမည့် ဂြိုဟ်သားရှာဖွေရေးစီမံချက် စတင်
ဒေါ်လာသန်း ၁၀၀ အကုန်အကျခံကာ ၁၀ နှစ်တာကာလအတွင်း အခြားဂြိုဟ်များမှ အသိဥာဏ်ရှိသော ဂြိုဟ်သားများရှာဖွေရေးစီမံချက်တရပ်ကို ပြီးခဲ့သော တနင်္လာနေ့က ဗြိတိန်အာကာသ စကြ၀ဠာသိပ္ပံပညာရှင် စတီဗင်ဟော့ကင်းက စတင်ခဲ့သည်။ အဆိုပါ စီမံချက်ကို ရုရှားလူမျိုး Silicon Valley စီးပွားရေးစွမ်းဆောင်ရှင် ယူရီနီလ်နာက ပဏာမခြေလှမ်းဖြင့် ငွေကြေးပံ့ပိုးပေးမည် ဖြစ်သည်။ ယခု စူးစမ်း ရှာဖွေမှုသည် ပြင်ပကမ္ဘာရှိ အသိဥာဏ်ရှိသော အသက်ဇီဝ လက္ခဏာများကို သိပ္ပံနည်းကျရှာဖွေမှု အဆင့်မြင့် လုပ်ငန်းပင်ဖြစ်ကြောင်း မစ္စတာယူရီမီလ်နာက ပြောသည်။
''အနှိုင်းမဲ့ စကြ၀ဠာကြီးထဲမှာ အ ခြားသက်ရှိဖြစ်စဉ်တွေလည်း ရှိရမယ်။ စကြ၀ဠာကြီးရဲ့ တနေရာရာမှာ အသိ ဥာဏ်ရှိတဲ့ သက်ရှိတွေစောင့်ကြည့်ကောင်း စောင့်ကြည့်နေလိမ့်မယ်''ဟု လန်ဒန်ရှိ တော်ဝင်သိပ္ပံ အကယ်ဒမီတွင် ကျင်းပပြုလုပ်သော စကြ၀ဠာသက်ရှိ ကမ္ဘာရှာဖွေရေးစီမံချက် စတင်ဖွင့်ပွဲတွင် စတီဗင်ဟော့ကင်းက ပြောကြားခဲ့သည်။
ယခုစီမံချက်သည် စကြ၀ဠာ သက်ရှိကမ္ဘာရှာဖွေရေးလုပ်ငန်းတွင် အကြီးကျယ်ဆုံးလုပ်ငန်းဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးမားဆုံး တယ်လီစကုပ်ကို အသုံးပြုကာ စကြ၀ဠာကို နက်ရှိုင်းစွာ စူးစမ်းလေ့လာရှာဖွေမည် ဖြစ်သည်။ ယခင်ကထက် ပို၍ စူးစမ်းလေ့လာမှုပြုလုပ်ရာတွင် တရက်တာကာလအတွင်း အချက်အလက် စုဆောင်းမှု များကို ပို၍ပြုလုပ်ကာ အနီးကပ်ဆုံး သန်းနှင့်ချီသောကြယ်များ၊ နဂါးငွေ့တန်းနှင့် ကြယ်စုများကို စူးစမ်းလေ့ လာမည်ဟု ဆိုသည်။
ရုရှား၏ ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်စ်အမည်ကိုယူ၍ ယူရီမီလ်နာဟု အမည်ပေးထားသော ရုရှားစီးပွားရေးလုပ်ငန်းရှင်ကြီးသည် ယခင်က ရူပဗေဒကျောင်းသားတဦးဖြစ်ခဲ့သည်။ ကမ္ဘာမြေကြီးပေါ်မှ တယ်လီစကုပ်ဖြင့် နဂါးငွေ့တန်း၏ ဗဟိုမှထုတ်လွှင့်၍ အလားတူ အဆင့်မြင့်နည်းပညာများ အချက်ပြမှုကို ဖမ်းယူနိုင်မည်ဖြစ်သည်။ သို့သော်လည်း အခြားကမ္ဘာမှ သက်ရှိဖြစ်စဉ်များ ရှာဖွေရေးသည် နူးညံ့သိမ်မွေ့ပြီး ခေတ်သစ်နည်းပညာများဖြင့်သာ ရှာဖွေနိုင်စွမ်းရှိမည်ဖြစ်ကြောင်း၊ ပြင်ပကမ္ဘာ၏ သက်ရှိဖြစ်စဉ်ကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု မျှော်လင့်ချက်ကြီးစွာမထားသင့်ကြောင်း၊ ယင်းစီမံချက် ဦးဆောင်မှုတွင် ပါဝင်သော ဗြိတိန်တော်ဝင်နက္ခတ္တပညာရှင် မာတင်ရိစ် Mantin Rees က ပြောသည်။
သို့ရာတွင် နဂါးငွေ့တန်းအတွင်း မြေကမ္ဘာနှင့်တူသော ဂြိုဟ်များ သန်းပေါင်း ထောင်နှင့်ချီ၍ တွေ့ရှိဖော်ထုတ်နိုင်သောကြောင့် ဂြိုဟ်ကမ္ဘာထဲတွင် သက်ရှိဖြစ်စဉ် များရှိနေနိုင်မှုမှာ ဖြစ်နိုင်ခြေ အဆပေါင်း များစွာရှိနေကြောင်း ၎င်းက ပြောသည်။
ထွဋ်ဝင်းထွဋ်
Ref ; AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
သိပ္ပံပညာရှင်စတီဗင်ဟော့ကင်းရဲ့ ဒေါ်လာသန်း ၁၀၀ သုံးစွဲမည့် ဂြိုဟ်သားရှာဖွေရေးစီမံချက် စတင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment