Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 1, 2015

ဒီနေ့ သဘောကျမိတဲ့ ဖေ့ဘွတ်ပေါ်ကစာ (ကျွဲသားကိုလည်းထနောင်းနဲ့ မချက်နဲ့ ။မဲပြားကိုလည်းဖယောင်းနဲ့ မဖျက်နဲ့ ။)

ကျွဲသားကိုလည်း ထနောင်းနှင့် မချက်နဲ့။
မဲပြားကိုလည်း ဖယောင်းနှင့် မဖျက်နဲ့။
ကျွဲသားကို ထနှောင်းနဲ့ ချက်တော့
တစ်ခွက်တည်းဖြင့် မသာပေါ်မယ်။
မဲပြားကို ဖယောင်းနဲ့ ဖျက်တော့
အရှက်ကွဲလို့ ကမ္ဘ်ာကျော်မယ်။

အမေကြီးအနားလည်း အတင်းမတိုးနဲ့။
သေပြီးသားလည်း စာရင်းမထိုးနဲ့။
အမေကြီးအနား အတင်းတိုးတော့
အဖေ မနေပ ဆဲရေးကြွယ်။
သေပြီးသား စာရင်းထိုးတော့
တစ္ဆေတွေက မဲပေးမယ်။

တမာတုံးပေါ်လဲ ဟင်းတင်မခုတ်နဲ့
တစ်ရွာလုံးသော်လဲ စာရင်းတမင် မဖြုတ်နဲ့။
တမာတုံးပေါ် ဟင်းတင်ခုတ်တော့
လျှာခါးသမို့ ရိုင်းတတ်တယ်။
တစ်ရွာလုံးသော် စာရင်းတမင်ဖြုတ်တော့
ရွာသားတို့က ဝိုင်းတတ်တယ်။

ဖားကောင် အသေးကိုလဲ မီး မအုံးနဲ့
ငါးထောင်ပေးမလိုလည်း မစည်းရုံးနဲ့။
ဖားကောင်အသေးကို မီးအုံးတော့
အဆီခန်းပြီး အသည်းပြာကျတတ်တယ်။
ငါးထောင်ပေးပြီး စည်းရုံးတော့
မမီ မကမ်းနဲ့ မဲကွာဟ တတ်တယ်။

ဆီပူကိုလည်း လက်မနှိုက်နဲ့
ပြည်သူကိုလည်း ဘက်မတိုက်တာနဲ့။
ဆီပူကို လက်နှိုက်တော့
အရေအမျှင် ကျွတ်လွယ်မယ်။
ပြည်သူကို ဘက်တိုက်တော့
မသေခင် ဝဋ်လည်မယ်။

မောင်မိုးပွင့်(ရေကြည်)
via Myo Lwin

No comments:

Post a Comment