Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 13, 2015

အစားစားလွန်းသည့် ရောဂါရှိသူ အမျိုးသမီးငယ် စားပိုးနင့်၍ သေဆုံး

         မျိုးဗီဇ လွဲမှားမှုဆိုင်ရာ ရောဂါဖြစ်နေသည့် (၂၃) နှစ်အရွယ်အမျိုးသမီးတစ်ဦး သည် အစားများကို မတရား စားခဲ့ပြီး စာပိုးနင့်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

          အဆိုပါ အမျိုးသမီးမှာ ကရစ်စတီဒယ်ရီ ဆိုသူဖြစ်ပြီး ၎င်းသည် ထိုသို့ အစားများ မစားမိစေရန် ရေခဲသေတ္တာတွင် သတိပေးစက် တပ်ထားပြီး စောင့်ကြည့်ခံရသူ ဖြစ်သော်လည်း ရအောင်လုပ်ကာ အစားများ စားပြီးနောက် စားပိုးနင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် ထိုလုပ်ရပ်ကြောင့် ထိခိုက်နိုင်သည်ကို သိသော်လည်း မရပ်တန့်နိုင်ဘဲ စားခဲ့ကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း၏ ဖြစ်စဉ်ကိုစုံစမ်းမှုတွင် ဖော်ပြထားသည်။ ၎င်းသည် အလွန်ရှားပါး ထူးဆန်းသည့် Prader-Willi Syndrome(PWS) ခေါ်ရောဂါတစ်မျိုးကို ခံစားနေပြီး အစားများ အဆက်မပြတ် စားမိနေကာ အရွယ်ရောက်သည်နှင့် အ၀လွန်လာခဲ့ပြီး အဆီပိတ် သေရန်စိုးရိမ်ရသည့် အနေအထား ဖြစ်လာနေ ခဲ့သူဖြစ်သည်။ အဆိုပါ မိန်းကလေးကို စတုန်းမြို့ရှိ ဗစ်တိုရီးယားမြူး ရပ်ကွက်မှ တိုက်ခန်းတွင် သေဆုံးလျက် တွေ့ခဲ့ရခြင်းဖြစ်သည်။ ခရစ်စတီသည် ကိုယ်ခန္ဓာ အချိုးအစားမှာ (၂၃)နှစ်အ ရွယ်တွင်ရှိရမည့် (၁၉ မှ ၂၅) ထက်ကျော် လွန်ကာ (၄၂ ဒသမ ၁) ဖြစ်နေသည်ဟု တရားရုံး မှတ်တမ်းတွင် ဖော်ပြသည်။ ၎င်းသည် မသေဆုံးမီက နောက်ဆုံး ရေးသားသည့် ဖေ့စ်ဘွတ်ခ်စာတွင် ယနေ့ညအတွက် လက်ဖက်ရည်၊ အာလူးကြော်နှင့် အသားတို့မှာ အရသာရှိလွန်းကြောင်း ရေးသားခဲ့သည်။

Source:Mirror

No comments:

Post a Comment