Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

တရားဝင်ကွာရှင်းလိုက်ကြတဲ့ Ben Affleck နဲ့ Jennifer Garner





ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ben Affleck နဲ့ Jennifer Garner တို့ဟာ တရားဝင် ကွာရှင်းလိုက်ပြီ ဆိုတာကို အတည်ပြုပြောကြားတဲ့ ၂ ဦးသဘောတူ ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့ကြပါတယ်။

၁၀ နှစ်တာ အိမ်ထောင်သက်ရှိနေပြီဖြစ်တဲ့ Ben Affleck တို့ လင်မယား ဟာ တနင်္လာနေ့ကပဲ သူတို့ရဲ့ ၁၀ နှစ်ပြည့် အမှတ်တရ နေ့ဖြစ်ပြီး အင်္ဂါနေ့မှာတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

"ဂရုစိုက်ခြင့်ချိန်ပြီး အများကြီးတွေးပြီးတော့မှ ကွာရှင်းကြမယ်ဆိုတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ငါတို့ ချမှတ်နိုင်ခဲ့တာပါ" လို့ သူတို့လင်မယားက People မဂ္ဂဇင်းကိုပြောပြခဲ့ပါတယ်။

"ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက် အချစ် နဲ့ သူငယ်ချင်းဘ၀ မျိုးပဲ ဆက်လက်နေထိုင်သွားမှာဖြစ်ပြီး ငါတို့ရဲ့ကလေးတွေကို ၂ ယောက်အတူ ထိန်းကျောင်းခွင့် ကိုတော့ ဒီခက်ခဲတဲ့ အချိန်တွေအတွင်းမှာ လေးစားကြဖို့ငါတို့ တောင်းဆိုထားကြတယ်" လို့ Ben Affleck က ဆိုပါတယ်။

Gone Girl ဇာတ်လမ်းထဲက မင်းသား အသက် ၄၂ နှစ်အရွယ် Ben Affleck နဲ့ အသက် ၄၃ နှစ်အရွယ် Jennifer Garner တို့မှာ ကလေး ၃ယောက်ရှိပြီး အသက် ၉ နှစ်အရွယ် Violet ၊ အသက် ၆ နှစ်အရွယ် Seraphina နဲ့ အသက် ၃ နှစ်အရွယ် Samuel တို့ပဲ ဖြစ်ကြပါတယ်။

Ben နဲ့ Jen တို့ဟာ ၂၀၀၃ ခုနှစ်က Daredevil ဇာတ်လမ်း ရိုက်ကွင်းမှာ စတင်ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး သိပ်မကြာခင်မှာပဲသူတို့ ၂ ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment