Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 27, 2015

လိုင်းမ်ရောဂါခံစားနေရတဲ့ Avril Lavigne တစ်နှစ်ကျော်အတွင်း ပထမဦးဆုံးအနေနဲ့ ဥာဏ်ရည်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဖွင့်ပွဲမှာ သီဆိုဖျော်ဖြေ




လိုင်းမ်ရောဂါ ကို ကာလကြာရှည်ကုသနေရတဲ့ Avril Lavigne ဟာ စနေနေ့ ညက ကျင်းပခဲ့တဲ့ 2015 နွေရာသီကမ္ဘာ့ဥာဏ်ရည်မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားမှာ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ဒါဟာ တစ်နှစ်ကျော်ကြာ စတိတ်စင်ပေါ်က ပျောက်ကွယ်နေခဲ့တဲ့ သူမရဲ့ ပထမဆုံးအကြိမ် တိုက်ရိုက်စင်တင်ဖျော်ဖြေမှု ဖြစ်ပါတယ်။
အိုလံပစ်မီးရှူးတိုင် မီးထွန်းညှိပြီး ပြိုင်ပွဲကို ဖွင့်လှစ်လိုက်အပြီးမှာ Lavigne ဟာ တလက်လက်တောက်ပနေတဲ့ အနက်ရောင်ဝတ်စုံနဲ့ စင်ပေါ်တက်လာပြီး သူမရဲ့ နောက်ဆုံးထွက်ဆင်ဂယ်လ် Fly ကို သီဆိုဖျော်ဖြေသွားခဲ့ပါတယ်။Avril Lavigne ဟာ ရီဟာဇယ်ပြုလုပ်ခဲ့တဲ့ သောကြာနေ့ ညကလည်း သူမရဲ့ Instagram စာမျက်နှာမှာ “ ခုလေးတင်ပဲ Fly သီချင်းကို စင်ပေါ်မှာ ပထမဆုံးအနေနဲ့  အဆုံးထိ သီဆိုခဲ့တယ်” လို့ ရေးသားခဲ့ပါတယ်။
“ မဖြစ်နိုင်တော့ဘူးလို့ ထင်ရတဲ့အရာတွေကို ဖြစ်လာအောင်လုပ်နေပါတယ်.. လိုင်းမ်ရောဂါကိုလည်း တွန်းလှန်တိုက်ခိုက်နေပါတယ်။ ‘အရောက်သွားကြမယ်..အရှုံးမပေးကြေး’ ၂၀၁၅ အယ်လ်အေ ဥာဏ်ရည်မသန်စွမ်း သီးသန့် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ရတာ အရမ်းပျော်ရွှင်မိပါတယ်၊ ကျေးဇူးတင်ပါတယ်” လို့ လည်း ရေးသားထားပါတယ်။ အရောက်သွားကြမယ်..အရှုံးမပေးကြေးဆိုတာ သူမရဲ့ Fly သီချင်းထဲကစာသားတစ်ချို့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့အောက်တိုဘာကကျင်းပခဲ့တဲ့ သူမရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့ ပွဲအပြီး မကြာမီမှာပဲ Lavigne ဟာ လိုင်းမ်ရောဂါကြောင့် အိပ်ရာထဲ လဲခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူမရဲ့ ကျန်းမာရေးဟာ တိုးတက်မှုရှိနေပြီး မကြာမီ ၁၀၀ ရာခိုင်နှုန်း ပြန်လည် သက်သာလာတော့မယ်လို့ Good Morning America အစီအစဉ် နဲ့ တွေ့ ဆုံပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ လိုင်းမ်ရောဂါ ဟာ ဘက်တီးရီးယားက တဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အစောပိုင်းရောဂါ လက္ခဏာတွေအနေနဲ့ အဖျားဝင်၊ခေါင်းကိုက်၊မောပန်းမှုတွေ ခံစားရကာ ကုသမှုမခံယူပါက မျက်နှာလေဖြတ်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း နဲ့ ရင်တုန်မူးဝေဖြစ်ခြင်းတို့ ပါ ဖြစ်နိုင်ပါတယ်။
Ref: Mirror.co.uk
http://www.trend.com.mm/2015/07/27/news-7268

No comments:

Post a Comment