Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

အဝေးပြေးလမ်းမှာ မောင်းနှင်မယ့် ကားသမားတွေအတွက် Samsung ရဲ့ နည်းပညာ အသစ်




ကားသမားတွေအတွက်တော့ အရှေ့မှာ မောင်းနေတဲ့ ကုန်တင်ကားကြီး တစ်စီးကို ကျော်တက်ဖို့ကြိုးစားခြင်းဟာ သေလောက် အောင် အန္တရာယ်ရှိတဲ့ လုပ်ရပ်ပါ။

အခုတော့ နည်းပညာ ကုမ္မဏီကြီး တစ်ခုဖြစ်တဲ့ Samsung ဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် ဖြေရှင်းနည်း တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။ အဲဒါကတော့ ဖောက်ထွင်းမြင်နိုင်မယ့် ကုန်တင်ကားပါ။

ဖောက်ထွင်းမြင်နိုင်မယ့် ကုန်တင်ကားဆိုတာကလည်း ကားတစ်စီးလုံးကို ဖောက်မြင်နိုင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ လော်ရီကား ရဲ့ အရှေ့မှာ ကင်မရာ တစ်လုံးကို တပ်ဆင်ထားပြီး ကုန်တင်ကားရဲ့ နောက်ကျောမှာတော့ ထို အရှေ့ က မြင်ကွင်းတွေကို တိုက်ရိုက်ပြသနိုင်မယ့် မျက်နှာပြင်တစ်ခုကို တပ်ဆင်ပေးထားပါတယ်။

ဒါကြောင့် အရှေ့မှာမောင်းနေတဲ့ ကုန်တင်ကားကို ကျော်တက်ချင်တဲ့ အနောက်က ကားတွေအတွက် ကုန်တင်ကားရဲ့ အရှေ့မှာ ဘာတွေရှိနိုင်မယ်ဆိုတာကို ထို မျက်နှာပြင်ကို ကြည့်ပြီး သိနိုင်မှာ ဖြစ်ပါတယ်။

ထိုနည်းပညာဟာ လမ်းမပေါ်က သေဆုံးမှုတွေကို လျော့ချနိုင်ဖို့အတွက် အထောက်အကူဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ ထိုနည်းပညာသစ်ကို တစ်နာရီကို တစ်ယောက်နှုန်းနဲ့ သေဆုံးနေတဲ့ အာဂျင်တီးနား နိုင်ငံ ရဲ့ အဝေးပြေးလမ်းမ ပေါ် မှာ စတင်စမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment