Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

ခုတင် (၅၀၀) ဆံ့ အထူးကုဆေးရုံသစ်ကြီး အတွင်းတွင် ကင်ဆာအဖုအကျိတ်များကို မခွဲမစိတ်ဘဲ ချေဖျက်ဖယ်ရှားနိုင်မည့် HIFU centre ဖွင့်ပွဲအခမ်းအနား

အသည်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာအပါအ၀င် ရင်သားကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အရိုးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် သားအိမ်တွင်းဖြစ်ပွားသော အဖုအကျိတ်များကို ကုသမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ပြည့်စုံပါက စွမ်းအားမြင့်အသံလှိုင်းနှင့် ပုံရိပ်ဖမ်းနည်းပညာကိုအသုံးပြုကာ ခွဲစိတ်ရန်မလိုဘဲ ချေဖျက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
-
အဆိုပါစက်၏အမည်မှာ HIFU (High Intensity Focused Ultrasound)ဟုအမည်ရပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိခုတင် ၅၀၀ဆံ့ အထူးကုဆေးရုံကြီး၊ အသည်းနှင့်သည်းခြေလမ်းကြောင်းဆိုင်ရာခွဲစိတ်မှုဌာနတွင် ကုသမှု ခံယူနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
-
အဆိုပါ HIFU စက်တပ်ဆင်အသုံးပြုခြင်းနှင့် HIFU Centre အဆောက်အဦသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ခုတင် ၅၀၀ဆံ့ အထူးကုဆေးရုံကြီး၌ ယနေ့ (၁၉-၆-၂၀၁၅၊ သောကြာနေ့) နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာဝင်းမြင့်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
-
ကနဦးအနေဖြင့် အသည်းကင်ဆာ အပါအ၀င် အသည်းနှင့်သည်းခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များကို ကုသပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
-
HIFU စက်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၈သန်းတန်ဖိုးရှိပြီး ပြည်သူများခေတ်မှီ လုံခြုံမှုရှိစွာ ဆေးကုသမှုခံယူနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ၀ယ်ယူတပ်ဆင်ပေးခဲ့ခြင်း ဖြစ်ပါသည်။ HIFU Centre အဆောက်အဦ၏တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၅၀၀ကျော်တန်ဖိုးရှိကာ အဆိုပါအဆောက်အဦအား ACS Myanmar Medical Co.,Ltd မှ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
============
(ကျန်းမာရေးမဂ္ဂဇင်း)

No comments:

Post a Comment