CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 29, 2015
ရွာပေါင်း၄၂ ရွာရှိ ရခိုင်ကျေးလက်ဒေသတစ်ခုတွင် ဆေးရုံမရှိ၍ ဆန္ဒဖော်ထုတ် တောင်းဆိုမည်
ရန်ကုန်၊ ဇွန်လ ၂၉ ရက်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်း နယ်မြေတွင် ရွာပေါင်း ၄၂ ရွာတည်ရှိပြီး လူဦးရေ သုံးသောင်းလေးထောင်ကျော်ရှိသော်လည်း ယခုအချိန်ထိ တိုက်နယ်ဆေးရုံ မရှိသေးသဖြင့် ဇွန်လ ၃၀ ရက်နေ့တွင် ရသေ့တောင်မြို့ပေါ်တွင် ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။
“ ကျွန်တော်တို့ ကျောက်တန်းတိုက်နယ် မြောက်ဘက် အစွန်ဆုံး ရေကောင်းချောင်းရွာက ရသေ့တောင်မြို့ထိ ရေမိုင် ၂၀ ရှိပါတယ်။ သွားလာရ ခက်ခဲတဲ့ အတွက် ဆေးရုံမရောက်မီ သေဆုံးသွားတဲ့ လူနာတွေလည်း အများကြီးရှိပါတယ်။ ခုအချိန်ထိ ကျွန်တော်တို့နယ်မြေမှာ ဆရာဝန် တစ်ယောက် မရှိသေးဘူး။ တိုက်နယ် ဆေးရုံ တစ်ရုံ မရှိသေးဘူး။ ဒီအတွက် တိုက်နယ်ဆေးရုံရရှိရေးအတွက် ဆန္ဒဖော်ထုတ် တောင်းဆိုသွားပါမယ်” ဟု ကျောက်တန်းကျေးရွာမှ ကိုမောင်သောင်းရွှေက ပြောသည်။
ဆန္ဒဖော်ထုတ်ရန် လူပေါင်း ၃၀၀ နှင့် ခွင့်ပြုချက်ကျပြီ ဖြစ်သော်လည်း လူပေါင်း ၅၀၀ ကျော်ခန့် ပူးပေါင်းပါဝင်မည်ဟု ခန့်မှန်းထားကြောင်း သူက ပြောသည်။
တိုက်နယ်ဆေးရုံ တစ်ရုံ ချပေးပါရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များထံ သုံးကြိမ်တိတိ စာရေးသားတင်ပြသော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိသဖြင့် ရွေးချယ်စရာ လမ်းမရှိ၍ ဆန္ဒဖော်ထုတ် တောင်းဆိုရခြင်းဖြစ်ကြောင်း ကိုမောင်သောင်းရွှေက ဆိုသည်။
ဆေးရုံမရ၍ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော ဒေါ်ခင်စောဝေ၊ ဦးဖိုးမင်းတို့အား ဆန္ဒပြမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသဖြင့် နိရဉ္စရာက မေးမြန်းရာ ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း၊ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတစ်ခုသာ ဖြစ်ကြောင်း သူက ပြောဆိုသည်။
Narinjara
https://www.facebook.com/pages/Narinjara
Labels:
city,
health,
ရခိုင်ပြည်နယ်,
ရသေ့တောင်
ရွာပေါင်း၄၂ ရွာရှိ ရခိုင်ကျေးလက်ဒေသတစ်ခုတွင် ဆေးရုံမရှိ၍ ဆန္ဒဖော်ထုတ် တောင်းဆိုမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment