CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 5, 2015
က္ခသည် အရေးမှ ဘင်္ဂါလီအရေးသို့ ပြောင်းလဲ လာပါက တစ်နိုင်ငံလုံး ဆန္ဒပြမည်
မန္တလေး
K.W.M
ရခိုင်ပြည်နယ်တွင် ယာယီ ထိန်းသိမ်း စောင့်ရှောက် ထားသော လှေစီးရွှေ့ပြောင်း ဘင်္ဂါလီ ဒုက္ခသည်များ အရေးအား ဒုက္ခသည် အရေးမှ ဘင်္ဂါလီ အရေးသို့ အစိုးရ အနေဖြင့် ပြောင်းလဲပါက တစ်နိုင်ငံလုံးတွင် ဆန္ဒပြ သွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက် ဗမာပြည်) မှ ဦးဆောင် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။ လှေစီး၍ နိုင်ငံရှာ လမ်းပျောက်နေ ကြသော ဒုက္ခသည် များအား လူသားချင်း ကိုယ်ချင်း စာသော အနေဖြင့် ခဏတာ လက်ခံပြီး စားနပ်ရိက္ခာများ အပြည့်အစုံဖြင့် ပြန်လည် ထွက်ခွာ ခိုင်းခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတကာမှ ဖိအားပေးမှုကို လက်ခံ ကာ ရာသက်ပန် နိုင်ငံသား အဖြစ် အစိုးရက လက်ခံ နေထိုင်ခွင့် ပြုပါက ရိုဟင်ဂျာ အရေးကို တစ်မျိုးသားလုံး အရေး အနေဖြင့် မဘသ မှ ဦးဆောင်ကာ နိုင်ငံ အနှံ့တွင် လှုပ်ရှား သွားမည် ဖြစ်ကြောင်း အမျိုးသာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက် ဗမာပြည်) ထံမှ သိရသည်။
ကိုယ့်နိုင်ငံသားမှ မဟုတ် တာကွယ်။ ဘယ်လက်ခံလို့ ဖြစ်မှာလဲ။ ကူညီနိုင်သမျှ ကူညီပေးပြီးရင် ပြန်လွှတ်ပေါ့။ ဘယ်နိုင်ငံတကာမှ ကြောက်စရာ မလိုဘူး””ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက် ဗမာပြည်)မှ ဦးဆောင် ဆရာတော် ဦးဣသာစက္ကက မိန့်ကြားသည်။ ဇွန်လ (၂) နေ့၌ အမျိုးသား လွှတ်တော် အစည်းအဝေးတွင်လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက လှေစီး ဒုက္ခသည်များ အရေးအား ပြတ်ပြတ်သားသား ဆောင်ရွက် သွားရန် အရေးကြီး အဆို တင်သွင်းခဲ့သည်။ ဦးပဉ္ဇင်းတို့ စောင့်ကြည့်နေ ပါတယ်။ နိုင်ငံတကာက ဖိအားပေးနေတဲ့ နိုင်ငံတွေ ကိုလည်း မေးချင်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်အရင် လက်ခံနိုင်လား ဟု မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။ မဘသ အနေဖြင့် ဘင်္ဂါလီ အရေးအား ဆန္ဒပြမှု မပြုလုပ်မီ ကြေညာချက်ကို အရင်ထုတ်ပြန်ရန် ရှိကြောင်း ဦးဝီရသူက မိန့် ကြား ခဲ့သည်။
http://www.messengernewsjournal.com/news/HeadNews/?id=37314
က္ခသည် အရေးမှ ဘင်္ဂါလီအရေးသို့ ပြောင်းလဲ လာပါက တစ်နိုင်ငံလုံး ဆန္ဒပြမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment