Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

မြန်မာအသင်းပရိသတ်ကို နိုင်ငံတကာသတင်းဌာနများနှင့် ဒေသတွင်း ဘောလုံးပရိသတ်များ ချီးကျူး

ဗိုလ်လုပွဲကို အားပေးခဲ့ကြသည့် မြန်မာအသင်းပရိသတ်များကို ပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ − MFF)
 စင်ကာပူဆီးဂိမ်းဗိုလ်လု ပွဲတွင် ထိုင်းအသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့သော်လည်း စင်ကာပူ ရောက် မြန်မာပရိသတ်၏ တုံ့ပြန့် ပုံကို နိုင်ငံတကာသတင်းဌာနများ နှင့် ဒေသတွင်း ဘောလုံးပရိသတ် များက ချီးကျူးခဲ့ကြသည်။
စင်ကာပူအခြေစိုက် Today သတင်းဌာနက ဗိုလ်လုပွဲရောက် မြန်မာပရိသတ်များသည် မျှော် လင့်ချက်မဲ့နေသည့် နောက်ဆုံး မိနစ်သို့ ရောက်နေသည့်တိုင် ၎င်း တို့၏ အသင်းကို အားပါးတရ အားပေးနေဆဲဖြစ်ကြောင်း ချီး ကျူးရေးသားခဲ့သည်။
‘‘အရှေ့တောင် အာရှမှာ ဘောလုံးအသင်း ဆိုရင်တော့ ထိုင်းက အကောင်းဆုံးပဲ။ ပရိ သတ်ဆိုရင်တော့ မြန်မာက အ ကောင်းဆုံးပဲ’’ဟု Today သတင်းဌာန၏ သတင်းအောက်တွင် Steven Theo အမည်ဖြင့် ဖေ့စ် ဘွတ်ခ်သုံးစွဲသူ တစ်ဦးက မှတ် ချက်ပေးခဲ့သည်။
စင်ကာပူနိုင်ငံ အမျိုးသား အားကစားကွင်းတွင် ဗိုလ်လုပွဲ သို့  လာရောက်ကြည့်ရှုခဲ့ကြသည့် ပရိသတ် သုံးသောင်းကျော်အနက်
မြန်မာပရိသတ်၏ အော်ဟစ် အားပေးသံများသည် ပြိုင်ဘက် အသင်းများကို လုံးဝလွှမ်းမိုးထား ခဲ့ကြောင်းလည်း နိုင်ငံတကာ သတင်းဌာနများက ရေးသားကြ သည်။
‘‘မြန်မာပရိသတ်ကတော့ အာဂပဲ။ သုံးဂိုးပြတ် ရှုံးနေတာ တောင် အားပေးနေဆဲပဲ။ လှောင်တာ၊ပြောင်တာတွေလည်း မရှိ ဘူး’’ဟု Daniel Wee အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူက ချီးကျူး ရေးသားခဲ့သည်။
မြန်မာပရိသတ်များသည် အရှုံးနှင့် အိမ်ပြန်ခဲ့ရသော်လည်း ကွင်းအတွင်း အမှိုက်များကို ပြန် လည်ရှင်းလင်းပေးခဲ့ကာ အပြန် ခရီးတစ်လျှောက်တွင်လည်း ဒုတိ ယရခဲ့သည့် အသင်းကို အော်ဟစ် အားပေးနေဆဲဖြစ်ကြောင်း ရေး သားခဲ့သည်။
‘‘မြန်မာတွေကို ကျေးဇူးတင် သလို ဂုဏ်လည်း ပြုပါတယ်။ စင် ကာပူတွေမှာ လိုအပ်နေတဲ့၊ အတု ယူလောက်တဲ့ အရာတွေကို လုပ် ပြသွားနိုင်ခဲ့တယ်’’ဟု Hong Lin အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ က မှတ်ချက်ပေးခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်း  မြန်မာဘောလုံးအသင်းရှုံးပွဲတွေ့ ပါက နိုင်ငံတကာသတင်းစာ မျက်နှာများတွင် ဆိုးသွမ်းပရိသတ်များ အကြောင်းသာ နေရာယူခဲ့သော် လည်း ယခုတစ်ကြိမ်တွင် အဆင့် အတန်းမြင့်မားသည့် ဘောလုံး ပရိသတ်အဖြစ် နိုင်ငံတကာ သတင်းဌာနများက ချီးကျူးရေး သားခဲ့သည်။
အိမ်ရှင်အဖြစ် ကျင်းပခဲ့ သည့် ၂၀၁၃ ဆီးဂိမ်းတွင် အုပ်စု တက်ရေး အဆုံးအဖြတ်ပွဲ၌ အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည့်ပွဲ စဉ်နှင့် ၂၀၁၁ က အိမ်ကွင်းတွင် အိုမန်အသင်းကို ရှုံးနိမ့်ခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တို့ ပြီးနောက် ဆိုးသွမ်းပရိသတ်များကြောင့် မြန်မာဘောလုံးပရိသတ် များသည် ဝေဖန်မှုများခံခဲ့ရသော် လည်း ယခုနှစ် ဆီးဂိမ်း၌ ရှုံးပွဲ ကြုံခဲ့ရသော်လည်း ပြည်တွင်း၊ ပြည်ပ ပရိသတ်များသည် အ ကောင်းဆုံး တုံ့ပြန်ခဲ့ကြကြောင်း  စင်ကာပူရောက် မြန်မာနိုင်ငံသား ဦးကျော်လွင်က ပြောသည်။
http://7daydaily.com/story/39699

No comments:

Post a Comment