Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 17, 2015

နာမည်ကျော် အမျိုးသမီး အနုပညာကြယ်ပွင့်များ၏ ကိုယ်လုံးတီး ဓာတ်ပုံများ ပေါက်ကြားပျံ့နှံ့ခဲ့မှုနှင့် ပတ်သတ်၍ ရှီကာဂိုရှိ အဆောက်အဦး တစ်လုံး စီးနင်းရှာဖွေခံခဲ့ရ


နာမည်ကျော် အမျိုးသမီး အနုပညာ ကြယ်ပွင့်များ၏ ကိုယ်လုံးတီး ဓာတ်ပုံ ရာပေါင်းများစွာ ပြီးခဲ့သည့်နှစ်က ပေါက်ကြားပျံ့နှံ့ခဲ့ပြီးနောက် အာဏာပိုင်များသည် ရှီကာဂို ရှိ အဆောက်အဦး တစ်လုံးကို ဝင်ရောက် စီးနင်းရှာဖွေခဲ့ကြောင်း အသစ်ထုတ်ပြန်လိုက်သည့် ဥပဒေဆိုင်ရာ မှတ်တမ်းမှတ်ရာများအရ သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် FBI အရာရှိများသည် ထိုအိမ်မှ ကွန်ပျူတာ များ နှင့် လက်ကိုင်ဖုန်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဟက်ကာများသည် ဂျနီဖာလောရင့် (စ်) အပါအဝင် အမျိုးသမီး အနုပညာရှင် ကြယ်ပွင့်များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို “Apple iCloud” account များမှ ဖောက်ထွင်းခိုးယူခဲ့ကြခြင်း ဖြစ်သည်။

ယခုလောလောဆယ်တွင် တရားဝင် စွဲချက်တင်ခြင်းများ မပြုလုပ်ရသေးကြောင်းလည်း FBI က ဆိုခဲ့သည်။

အမျိုးသမီး အနုပညာ ကြယ်ပွင့် တစ်ဦးမှာမူ သူမ၏ ဓာတ်ပုံများလည်း ခိုးယူခြင်း ခံခဲ့ရကြောင်း သတင်းမီဒီယာများမှ တစ်ဆင့်သာ သိရှိခဲ့ရသည်။ သူမသည် ဓာတ်ပုံအားလုံးကို သူမ၏ အိုင်ဖုန်းဖြင့် ရိုက်ကူးခဲ့ကာ သူမ၏ ချစ်သူထံသို့ iMessage မှ တစ်ဆင့် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာများက ဖော်ပြခဲ့ကြသည်။

အသက် ၂၄ နှစ် အရွယ် ရုပ်ရှင်မင်းသမီး ဂျနီဖာ လောရင့်(စ်)က “ဒါဟာ အတင်းအဖျင်း ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု တစ်ခုပါ။ ဒါဟာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ ကျင့်ဝတ်ချိုးဖောက်မှု တစ်ခုပါ။ ဒီလုပ်ရပ်ဟာ စက်ဆုပ်ရွံရှာဖို့ ကောင်းပါတယ်” ဟု Vanity Fair မဂ္ဂဇင်းအား ပြောကြားခဲ့သည်။

mizizma

No comments:

Post a Comment