CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 28, 2015
ခွဲထွက်ရေးအလံ ဖြုတ်ချသူ အမေရိကန်လူမည်းအမျိုးသမီး ဖမ်းဆီးခံရ
အမေရိကန်ပြည်ထောင်စု၊ ကိုလံဘီယာမြို့က တောင်ကယ်ရိုးလိုင်းနားပြည်နယ်ရုံးရှေ့ အလံတိုင်မှာ လွှင့်တင်ထားတဲ့ အမေရိကန်တောင်ပိုင်းပြည်နယ်ခွဲထွက်ရေးအလံကို အမေရိကန်လူမည်းအမျိုးသမီးတဦးက ဇွန် ၂၇ ရက်နေ့မှာ တိုင်ထိပ်တက်ပြီး ဆွဲချခဲ့ပါတယ်။
အမြင့်ပေ ၃၀ ရှိတဲ့ အလံတိုင်တ၀က်ရောက်ချိန်မှာ ရဲတွေရောက်လာပြီး အောက်ကိုဆင်းဖို့ ပြောတာကို မဆင်းပဲအလံကို တက်ယူပြီး ဆင်းချတာပါ။
သူ့ကို လိုက်ကူပေးတဲ့ အမျိုးသားတဦးရော အလံတိုင်တက်ခဲ့တဲ့ အမျိုးသမီးရော ရဲက ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့တပတ်က အမေရိကန်လူမည်း ၉ ဦးကို ပစ်သတ်ခဲ့တဲ့ လူမျိုးရေးခွဲခြားရေး လူဖြူလူငယ်တဦးက ဒီတောင်ပိုင်းပြည်နယ်ခွဲ ထွက်ရေးအလံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေတက်လာခဲ့ပြီးနောက်ပိုင်း ဒီအလံကိုဖြုတ်ချဖို့ တောင်းဆိုမှုတွေ ရှိလာတာပါ။
ဒီအလံကို ၁၉၆၂ ခုနှစ် အမေရိကန်လူမှုအခွင့်အရေးလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့စဉ်က ပထမဆုံး ပြန်လည်အသုံးပြုခဲ့ပြီးနောက်ပိုင်း လူမျိုးရေးအငြင်းပွားစရာအလံ ဖြစ်လာတာပါ။
အမေရိကန်သမ္မတအိုဘာမားကလည်း ဒီအလံဟာ ပြတိုက်ထဲမှာပဲ ထားရမယ့်အလံလို့ ထင်ကြောင်း ပြောဆိုပါတယ်။
အခုဖမ်းဆီးခံရတဲ့ Bree Newsome ဆိုသူအမျိုးသမီးဟာ ရုပ်ရှင်ရိုက်ကူးသူ၊ အဆိုတော်၊ သီချင်းရေးသူနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူလို့ သူ့ရဲ့ twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။
DVB
ခွဲထွက်ရေးအလံ ဖြုတ်ချသူ အမေရိကန်လူမည်းအမျိုးသမီး ဖမ်းဆီးခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 28, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 28, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment