Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

အွန်လိုင်းပေါ်ရောက် နှင်းဆီပါမောင် နှင့် ပတ်သက်သမျှ


ဝိုင်း(ဒါရိုက်တာ)
ဒီသတင်း ကြားကြားခြင်း တုန် လှုပ်ပြီး ငါဒီအလုပ် ကို ဆက်ကော လုပ်သင့်ရဲ့လား။ အဲဒီအထိ ကို အ တွေးဝင်မိတယ်။ သွားပြီပေါ့။ ဒါပေမဲ့ အွန်လိုင်းမှာ ပျံ့နှံ့ပေမယ့် အခု အားပေးတဲ့ ပရိသတ်တွေ မ ထင်မှတ်လောက်အောင် ရုံမှာ ခုချိန် ထိ လာ အားပေးလို့ ထုတ်လုပ်ရေး ကိုယ်စား ဝမ်းသာတယ်။ ထားဝယ် ထုတ်လုပ်ရေး က ဒီကား တစ်ကား လုံးပြီး တာတောင် အသံပိုင်းမှာ နောက်ထပ် ပိုက်ဆံ သိန်းနှစ်ရာ လောက်ကို ထပ်ဖြည့်ပြီး ပြန်လုပ်တယ်။ သူ့မေတ္တာ ရောင်ပြန်ဟပ်တာပါ။ အခု မထင်မှတ်ဘဲ ကျွန်တော် တို့ အနုပညာ တစ်ခုကိုပဲ ကြည့်ပြီး အားပေးတဲ့ အတွက် ကျေးဇူးလည်း တင်မိတယ်။ အွန်လိုင်းမှာ တင်သွား တဲ့လူကို အတိအကျ မပြောနိုင် သေးဘူး။ လုပ်တဲ့ တရားခံ ကိုလည်း မိအောင် ကြိုးစားနေပါတယ်။
ညိုမင်းလွင်(ဒါရိုက်တာ)
‘ကျွန်မက နှင်းဆီပါမောင်’ ဇာတ်ကားက ကျွန်တော် နဲ့ ဘယ် နေရာကမှ မပတ်သက်ပါဘူး။ နောက်တစ်ခု က အီလက်ထရော နစ်တွေ ခေတ်ဆန်း လာလို့ ခိုးလုပ် တယ်လို့ မမြင်ပါဘူး။ ကျွန်တော် တစ်ယောက်တည်း အမြင်ကတော့ ဒါကို အချင်းချင်း ထဲကပဲ ထားဝယ် ရုပ်ရှင် ထုတ်လုပ်ရေးအပေါ် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်တယ် လို့ မြင် တယ်။ ဒီလို တိုက်ခိုက်တော့ ထုတ်လုပ်ရေး အပြင် ပါဝင်တဲ့ အနုပညာရှင်တွေ လည်း နစ်နာတာပေါ့။ ရုံတင်ကား ဆိုတာနဲ့ အသေးအမွှား ကအစ ပြင်ဆင်ကြတယ်။ ဒီလို အလွယ်တကူ လုပ်ချလိုက်တော့ ကြိုးစား ထားတဲ့ အနုပညာရှင်တွေ ကို အားနာစရာ ကောင်းတာပေါ့။ ဘယ်လို အတိုက်အခိုက်တွေ ရှိနေပါ စေ။ ရုံအပြည့် ပရိသတ် အားပေး တယ်ကြားတော့ ဝမ်းသာတယ်။ ကျွန်တော်လည်း အနုပညာ သမားတစ်ယောက်ပဲလေ။ ဒီ’ကျွန်မ က နှင်းဆီပါမောင်’ ဇာတ်ကား ဟာ ကျွန်တော်နဲ့ မသက် ဆိုင်ပေမယ့် ရုပ်ရှင်ဆိုတဲ့ အရာက ကျွန်တော်နဲ့ ပတ်သက်ပါတယ်။ ရုပ်ရှင်လောက အတွက် ကြိုးစား အားထုတ်မှုမှန်သမျှ ကျွန်တော်တို့ အားလုံး နဲ့ပတ်သက် တယ်။ ထို့ နည်းတူစွာ ရုပ်ရှင်လောက ကို ထိခိုက်စေတဲ့ အနှောင့် အယှက်၊ အဟန့်အတား အားလုံးဟာ ကျွန်တော် တို့အားလုံး နဲ့ ပတ်သက်တယ်။
အခု အွန်လိုင်း စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ‘ကျွန်မက နှင်းဆီပါ မောင်’ ဇာတ်ကား ခိုးကူး ဖြန့်ချိမှု ကိစ္စက ”ငါနဲ့မှ မဆိုင်တာ။ အနေ သာကြီးပဲ” လို့ မျက်စိ မှိတ်နေ ရမယ့် ကိစ္စ မျိုး မဟုတ်ဘူး။ ရုပ်ရှင် ကိုချစ်သော ရုပ်ရှင်လောကသား တစ်ဦး အနေ နဲ့ကော၊ မြန်မာ့ရုပ်ရှင် ကိုအဆင့်မီစွာ ကြည့်ရှုချင် ကြ သော ပရိသတ်များ အနေ နဲ့ကော တတ်နိုင်တဲ့ ဘက်မှ ဝိုင်းဝန်း ကူညီ စောင့်ရှောက် ပေးသင့်တဲ့ ကိစ္စတစ်ခု ဖြစ်တယ် လို့မြင်တယ်။
အောင်ပြည့်သျှန်
(စင်ကာပူ- မြန်မာဓာတ်ပုံဆရာ)
ကျွန်မက နှင်းဆီပါမောင် ဇာတ်ကား ရုံမတင်ခင်ကတည်းက လူမူကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက် နှာမှာ ကျွန်မကနှင်းဆီပါမောင် ကို အစားထိုး ကွန့်မြူးပြီး အမျိုးမျိုးတင် စားနေ ကြတာဟာ အင်မတန် ကြောက်စရာ ကောင်းလောက်တဲ့ ဇာတ်ကားရဲ့ ‘စန်း’ တစ်ခုပါပဲ။ ဇာတ်ကား မူရင်းအတိုင်း အင်တာ နက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ကြားက ရုံပြည့် /ရုံလျှံ အားပေးမှုတွေ ဖြစ် လာတာဟာ ရုပ်ရှင်ချစ် ပရိသတ် တွေ ရုပ်ရှင်မှာ ကြည့်ရတဲ့ အရသာ အသံရဲ့ ပြတ်သားမှု  ရုပ်ကြည်လင် မှုအပေါ် နားလည် ခံစားတတ်လာ လို့ ရုပ်ရှင်ရုံ မှာ အားပေးတဲ့သူ များလာတာပါ။ ပြီးတော့ သူတို့ ချစ်တဲ့ အနုပညာရှင်တွေကို ဂုဏ် ပြုတာဖြစ်သလို သူတို့ ကြိုးစားမှု ကို အသိအမှတ်ပြု တာလည်း ဖြစ်တယ်။ ဗီဒီယို ခိုးကူးခွေတွေ ကတော့ တစ်နည်းမဟုတ် တစ်နည်း ထွက်လာမှာပဲ။
ဒါပေမဲ့ ဒီလို အောင်မြင်တဲ့ ရုပ်ရှင်ကားက တိုက်ခိုက်ခံ ရပေ မယ့်လည်း အကောင်းကြိုက် အကောင်းကို ခံစားချင်တဲ့ လူတွေ ကတော့ ရုပ်ရှင်ရုံမှာ အားပေးမှာ ပဲလေ။ ခိုးကူးခွေ ကို အရင်နှစ်တွေ ကတည်းကလည်း အမျိုးမျိုးကာ ကွယ်နေတာပဲ။ ခု အချိန်ထိတော့ အောင်အောင်မြင်မြင် ဖြစ်မလာ သေးဘူး။ ဒါပေမဲ့ ခိုးကူးခွေ ထွက် တာကို စိတ်ဓာတ် ကျပြီးသာမန်ပဲ ဖန်တီးပေးမယ်ဆိုရင်တော့ ရုပ်ရှင် ရုံမှာကြည့်ရတာနဲ့ ခိုးကူးခွေနဲ့ မထူးပါဘူးဆိုရင် ခိုးကူးခွေဘက် အားသာသွားမှာပဲ။
အဲဒီတော့ ဇာတ်ကား အတွက် အကောင်းဆုံးတွေ ဖန်တီးပြီး ရုံပေါ်မှာ ကြည့်ရတဲ့ အရသာ ပရိသတ်ကို ပေးနိုင်ရင်တော့ ပရိသတ်တွေ ကို ရုံထဲကို ဆွဲခေါ် လို့ရနေပြီ ဆိုတာ ကြိုတင် သိနိုင် ပါတယ်။ ခု ကျွန်မက နှင်းဆီပါ မောင်က သက်သေပဲလေ။ ဒါ ဘာကြောင့်လဲ။ ခိုးကူးခွေ ထက် ကြည့်ကောင်းတဲ့ အရသာ ဖန်တီး ထားလို့ ပရိ သတ်တွေ ရုံထဲမှာ လာ အားပေးတာပဲလေ။ နောက် တစ် နည်းက ပရိသတ်တွေ ခေတ်မီလာ ပြီ။ အဆိုး နဲ့အကောင်း ခွဲခြား တတ်လာပြီ။
ထူးထူး တွေ့ဆုံမေးမြန်းသည်
Source:popularmyanmar.com

No comments:

Post a Comment