Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 21, 2015

လူဆိုးဂိုဏ်းများ မြို့တွင်း၌ တပ်ဆင်ထားသော လုံခြုံရေး ကင်မရာများကို ဖြုတ်သိမ်း



            မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ပိုင်း တမူလီပါ့စ်ပြည်နယ် ရေနိုဆာမြို့တွင်း၌ လူဆိုးဂိုဏ်းများ တပ်ဆင်ထားသော လုံခြုံရေး ကင်မရာ (၃၉) လုံးကို ရဲတပ်ဖွဲ့က လိုက်လံဖြုတ်သိမ်း ခဲ့ရကြောင်း သိရသည်။

            ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မြို့တွင်း ဓာတ်တိုင်တစ်တိုင်တွင် လုံခြုံရေး ကင်မရာ နှစ်လုံး တပ်ဆင်နေသော လူနှစ်ဦးကို ရဲက ဖမ်းမိပြီးနောက် ထိုလူနှစ်ဦး၏ ဖော်ထုတ်ချက်အရ နောက်ထပ် ကင်မရာ (၃၇) လုံးကိုပါ ဖော်ထုတ် ဖြုတ်သိမ်းနိုင် ခဲ့ခြင်း ဖြစ်ကြောင်း မက္ကဆီကိုရဲက ပြောသည်။

          လူဆိုးဂိုဏ်းများက ခိုင်းသောကြောင့် တပ်ရခြင်း ဖြစ်သည်ဟု ထိုသူနှစ်ဦးက ထွက်ဆိုထားသည်။ လူဆိုးဂိုဏ်းများသည် လုံခြုံရေး ကင်မရာများသုံးကာ ရဲတပ်ဖွဲ့၏ လှုပ်ရှားမှုများကို စောင့်ကြည့် ကြခြင်း ဖြစ်သည်။ အဓိက လမ်းဆုံလမ်းမများ၊ ရှောပင်းစင်တာများ၊ လူနေရပ်ကွက်များတွင် ကင်မရာများ တပ်ဆင်ထား သည်ကို ဖော်ထုတ်နိုင် ခဲ့သည်။

          ထိုမြို့ကို သမ္မတ အဲနရစ်ပီနာနစ်တို သွားရောက်ကြည့်ရှုပြီး နောက်တစ်ရက် ဖြစ်သော မေလ (၂၂) ရက်နေ့ကလည်း လူဆိုးဂိုဏ်းများ၏ လုံခြုံရေး ကင်မရာ (၃၉) လုံးကို ဖြုတ်သိမ်းခဲ့ ရဖူးသည်။ ရေနိုဆာမြို့သည် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မက်အလန်မြို့နှင့် နယ်စပ်ချင်း ထိစပ်နေသောကြောင့် ထိုမြို့ကို ထိန်းချုပ်နိုင်ရေး အတွက် ဇီတာ မူးယစ် မှောင်ခိုဂိုဏ်းနှင့် ဂက်လ်ခ်ဂိုဏ်းတို့ အားပြိုင်ကာ မကြာမကြာ ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိသည်။ ရေနိုဆာကို ထိန်းချုပ်နိုင်သော ဂိုဏ်းသည် အမေရိကန်ဘက် သို့ပါ တရားမ၀င် မူးယစ်ဆေးဝါးမှသည် အခြားသော ကုန်စည် အမျိုးမျိုး တင်သွင်းနိုင်သည့် မှောင်ခို လမ်းကြောင်းများ၌ လုပ်ကိုင်နိုင်သဖြင့် နယ်မြေလု နေကြခြင်း ဖြစ်သည်။

Source: BBC
http://www.messengernewsjournal.com/General/Eventure/detail.php?id=38321

No comments:

Post a Comment