CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 21, 2015
ပျော့ပျောင်းလွန်းသူ ဖြစ်ကြောင်း ကမ္ဘာ့စံချိန်တင်ပြီး သက်သေပြသ
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှာ နေထိုင်တဲ့ အသက်(၂၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ ပျော့ပျောင်းလွန်းသူ ဖြစ်ကြောင်း ကမ္ဘာ့စံချိန်တင်ပြီး သက်သေပြ သွားခဲ့ပါတယ်။
ရှီမီကာဟာ Limbos အကကို ကျွမ်းကျင်စွာ ကပြပြီး ဒီအကနဲ့ စံချိန်သစ် နှစ်ခု တင်ရှိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါ တယ်။ Limbos အကဟာ လက်တင်အက ဖြစ်ပြီး တန်းအောင် ပက်လက်လှန်ပြီး လျှိုဝင်ရတဲ့ အကတစ်မျိုး ဖြစ်ပါတယ်။ ဒီအကကို ရုပ်ရှင်တွေမှာ မြင်ဘူးကြပါလိမ့်မယ်။
ရှီမီကာဟာ ဒီအကကို ကပြရာမှာ သူများတွေ မလုပ်နိုင်တဲ့ အရာကို လုပ်ပြခဲ့ပါ တယ်။ ကားအောက်ခြေကို ဒီအကကပြီး ၀င်ရောက် ပြခဲ့တာကြောင့် ရှီမီကာရဲ့ အရိုးအဆစ် ပျော့ပျောင်းမှုကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ ကားအောက်ခြေဟာ မြေကြီးနဲ့ (၉)လက်မသာ ကွာပာပါတယ်။ ဒီအနေအထားမျိုးကို အကနဲ့ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တင်ပါးကို အားပြုပြီး ၀င်ရောက်ရတာ ဖြစ်လို့ တော်ရုံလူတွေ မလုပ်နိုင်ပါဘူး။ ဒါဟာ ကမ္ဘာ့စံချိန်ဖြစ်ခဲ့ပြီး ရှီမီကာကို လူပိုသိများ စေခဲ့ပါတယ်။ ရှီမီကာဟာ အရင်ကလည်း ဘီယာ ပုလင်းနှစ်လုံးမှာ တုတ်တစ်ချောင်းတင်ပြီး တုတ်ချောင်းအောက်ကို အနဲ့ ၀င်ရောက်မှု ပြုလုပ်ခဲ့ပြီး ကမ္ဘာ့စံချိန်တစ်ခုကို တင်ရှိ ခဲ့ပါတယ်။ ရှီမီကာဟာ Limbos အကနဲ့ စံချိန်တင်နိုင်ဖို့ နေ့စဉ် လေ့ကျင့်ခဲ့ပါတယ်။ တစ်နေ့ကို ခြောက်နာရီ လေ့ကျင့်သလို အရိုးအကြောတွေ ပျော့ပျောင်းလာဖို့ ဆရာခေါ် ယူပြီး ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ အသက် (၁၄)နှစ်ကတည်းကပြု လုပ်လေ့ကျင့်လာခဲ့တာ ဖြစ်ပါတယ်။ အစေပိုင်းမှာ သုံးပေအောက်ကိုတောင် မနည်းဝင်အောင် လုပ်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်ခဲ့ပါတယ်။
ရှီမီကာရဲ့မိခင်ဖြစ်သူဟာ Limbos အကကိုကခဲ့သူ ဖြစ်တာကြောင့် အထိအတွေ့များပြီး ၀ါသနာပါလာ ခြင်းဖြစ်ပါတယ်။ လေ့ကျင့်ခြင်း အကျိုးဆက်ကြောင့် ဘယ်သူမှ မလုပ်နိုင်တာကို လုပ်ပြခဲ့ပါ တယ်။ အမေရိကန် ဘတ်စကက်ဘော ပြိုင်ပွဲတွေမှာ ဒီလိုစွမ်းရည်ကို ပြခဲ့တာကြောင့် ၀င်ငွေများစွာ ရရှိခဲ့ကြောင်း သိရပါတယ်။ ရှီမီကာက သူ့အနေနဲ့ ဒီလိုဆန်းပြားတဲ့ ပြကွက်တွေကို အမြဲပြုလုပ်လိုကြောင်း ဟြေကြားခဲ့ပါတယ်။ ဆရာဝန်တွေက ရှီမီကာရဲ့ စွမ်းရည်ကို ချီးကျူးခဲ့ပေမယ့် နောက်ထပ် ဆက်လုပ်ပါက အန္တရာယ် ရှိလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=38333
ပျော့ပျောင်းလွန်းသူ ဖြစ်ကြောင်း ကမ္ဘာ့စံချိန်တင်ပြီး သက်သေပြသ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment