Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

အင်္ဂလန်သားကစားသမားများ၏ဈေး အလွန်အကြူးများပြားနေဟု ဖာဒီနန်သုံးသပ်


လန်ဒန် ၊ ဇွန် ၂၂ 

မန်ယူနှင့် အင်္ဂလန် နာမည်ကြီး နောက်ခံ ကစားသမား ဟောင်း ဖာဒီ နန်က မျက်မှောက်ခေတ် အင်္ဂလန် ကစား သမား များ၏ ဈေးသည် ဖြစ်သင့် သည်ထက် အဆမတန် မြင့်မား နေသည်ဟု သုံးသပ် သွားခဲ့သည်။
ပြီး ခဲ့ သည့်  မေလက အသက် ၃၆နှစ် အရွယ်တွင် ဘောလုးံ သမား ဘဝမှ အနား ယူခဲ့သော ဖာဒီနန် သည်လည်း ၂ဝဝ၂ ခုနှစ်က လိဂ်ယူနိုက်တက် မှ မန်ယူသို့ ပြောင်းရွှေ့ရာတွင် ခံစစ်မှူး များအနက် ကမ္ဘာ့ ကြေး အကြီးဆုးံ ပြောင်းရွေှ့မှု  အဖြစ် စံချိန် တင်ခဲ့ပြီး ပေါင် ၂၉ ဒသမ ၁သန်းဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။
လက်ရှိတွင် အင်္ဂလန် လက်ရွေးစင် ကစားသမား များဖြစ်သော ဂျိမ်းစ်မီလန်နာ နှင့် တွမ်ကလီဗာလေ တို့သည် လီဗာပူးနှင့် အဲဗာတန် အသင်းများသို့ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ရောက်ရှိ ခဲ့ကြပြီး အင်္ဂလန် လက်ရွေးစင်ဟောင်း မီကာရစ်ချက် သည်လည်း အက်စတွန်ဗ် ဗီလီလာ အသင်းသို့ပြောင်းရွှေ့ကြေးအလွတ် ဖြင့် ရောက်ရှိခဲ့သည်။
သို့သော် မန်ယူ အသင်းသည် စပါး လူငယ် တိုက်စစ်မှူး ဟယ်ရီကိန်း ကို ပေါင်သန်း ၅ဝ ပေးခေါ်မည်ဟု သတင်း ထွက်နေပြီး လီဗာပူး အသင်းကလည်း  အသက် ၂ဝအရွယ် လူငယ် တိုက်စစ်မှူး စတာလင်းကို မန်စီးတီးက ပေါင် သန်း၎ဝ ဖြင့် ကမ်းလှမ်း မှုအား ပယ် ချခဲ့သည် ဆို၍ ဖာဒီနန်က ''အင်္ဂလန် ကစားသမား တွေရဲ့ဈေးက အခု လွန်လွန်း နေတယ်။ အဂူရို ပေါင်၃၈ သန်း၊ ဆန်းချက်ဇ် ပေါင် ၃၂သန်းပဲ ပေးရတယ်''ဟု တွစ်တာတွင် ရေးတင်ခဲ့သည်။

#PyiChitThar

No comments:

Post a Comment