CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 8, 2015
တွစ်တာမှာ ပရိသတ်(၁)သန်း အမြန်ဆုံး ရသွားခဲ့သူ
စီယာလင်းဂျင်နာဟာ Vanity Fair မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် အဖြစ် ပါဝင်လာပြီး နာရီပိုင်း အတွင်း တွစ်တာမှာ ပရိသတ် တစ်သန်း ပြည့်သွား ခဲ့ပြီ ဖြစ်ပါတယ်။ ဘာကြောင့် တွစ်တာမှာ ပရိသတ် တစ်သန်းကို အမြန်ဆုံး ရသွားသလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ စီယာလင်းဂျင်နာပာာ အရင်က အိုလံပစ် ကစားသမား တစ်ဦး ဖြစ်ပြီး ၁၉၇၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ဆယ်မျိုးစုံ ပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူ နိုင်ခဲ့ပါတယ်။ စီယာလင်း ဂျင်နာပာာ အရင်က အမျိုးသား တစ်ဦးဖြစ်ပြီး အမျိုးသမီး ဘ၀ကို ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။ အရင် နာမည်က ဘရုစ်ဂျင်နာ ဖြစ်ပြီး နာမည်ကိုပါ ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ်။
လိင်ပြောင်းလဲထားသူကို Vanity Fair မဂ္ဂဇင်း မှာ ဖော်ပြခဲ့တာကြောင့် တွစ်တာမှာ လူ စိတ်ဝင်စားခြင်း ခံခဲ့ ရတာ ဖြစ်ပါတယ်။ စီယာလင်း ဂျင်နာပာာ (၄) နာရီနဲ့ (၃) မိနစ်အတွင်း တွစ်တာမှာ ပရိသတ် တစ်သန်း ရခဲ့တာ ဖြစ်ပါတယ်။ စီယာလင်းဂျင်နာ ဟာ ဇူလိုင်လထုတ် မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင် အဖြစ် ပါဝင်ခွင့် ရခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိ ခဲ့ပါတယ်။ တွစ်တာမှာ ပထမဆုံး စကားလုံးကို တနင်္လာနေ့ နံနက်ပိုင်း (၁၂း၁၇) နာရီမှာ တင်ခဲ့တာ ဖြစ်ပြီး ညနေ (၄း၂၀)မှာ ပရိသတ် တစ်သန်း ရသွားခြင်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတကြီး အိုဘားမားပာာ သူကိုယ်တိုင် အသုံးပြုတဲ့ တွစ်တာကို မိတ်ဆက်ပြီး နောက်ပိုင်းမှာ (၄) နာရီ (၅၂) မိနစ် အတွင်း ပရိသတ် တစ်သန်း ရခဲ့ပြီး စံချိန်တင် ခဲ့ပေမယ့် ဒီစံချိန် ကတော့ ချိုးဖျက် ခံလိုက်ရပြီ ဖြစ်ပါတယ်။
http://www.messengernewsjournal.com
တွစ်တာမှာ ပရိသတ်(၁)သန်း အမြန်ဆုံး ရသွားခဲ့သူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 08, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment