MERS ရောဂါဖြစ်ပွားမှု သတင်းကြားပြီးနောက်ပိုင်း လူတွေ ကုလားအုတ် ကျင်ငယ်ရည်ကို သောက်လာကြတာ ခုတလောကြားရပါလိမ့်မယ်။
လူတွေ ဘာကြောင့် ကုလားအုတ် ကျင်ငယ်ရည် သောက်ဖို့ ဆန္ဒရှိကြလဲ အံ့သြသိချင်မိနေပါလိမ့်မယ်။
တချို့က ကျန်းမာရေးကောင်းမွန်စေတယ်လို့ တထစ်ချယုံကြည်ကြပါတယ်။ ဒါကလည်း ကူရမ်ကျမ်း Hadith ထဲက စာပိုဒ်လေးကြောင့် ဖြစ်ပါတယ်။
Uraina လူမျိုးနွယ်ထဲက တချို့ဟာ Medina ကို လာပြီး အဲဒီက ရာသီဥတုနဲ့ သဟဇာတ မဖြစ်တာလို့ ကောက်နုတ်ချက်မှ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် တမန်တော်ကနေ သူတို့ကို ကုလားအုတ် အုပ်စုထဲသွားပြီး ကုလားအုတ်နို့နဲ့ ကျင်ငယ်ရည်ကို ဆေးအဖြစ် သောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲတော့ သူတို့လည်း ညွန်ကြားထားတဲ့အတိုင်း သွားပြီးတဲ့နောက်ပိုင်း ကျန်းမာလာခဲ့ကြပါတယ်။
သို့သော် ဒီအချက်ကို အဖြစ်မှန်နဲ့ ကင်းဝေးနိုင်တယ်ဆိုပြီး ကျင်ငယ်ရည်တွေကို မသောက်ဖို့ WHO က သတိပေးထားပါတယ်။
သန့်ရှင်းပြီး ရောဂါမဖြစ်ပွားစေနိုင်တဲ့ အစာအစား စားသုံးမှုကိုသာ ကျင့်သုံးသင့်တယ်။ လူတွေအနေနဲ့ ကုလားအုတ်ကျင်ရည်၊ ကုလားအုတ်နို့ကို ပကတိအတိုင်း မသောက်သုံးဖို့ သို့မဟုတ် သေသေချာချာ ချက်ပြုတ်မထားတဲ့ ကုလားအုတ်အသားတွေ မစားသင့်ကြောင်း ကြေငြာချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
Ref: Metro
Mandalay Media Group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 16, 2015
ကုလားအုတ် ကျင်ငယ်ရည်ကို ဘာကြောင့် သောက်ကြလဲ
ကုလားအုတ် ကျင်ငယ်ရည်ကို ဘာကြောင့် သောက်ကြလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 16, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment