Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

အိုစမာဘင်လာဒင် ပုံစံ အရုပ်တစ်ရုပ်ကို စတာလင်ပေါင် ၃၀၀၀ နဲ့ ရောင်းမည်





အမေရိကန် ရဲ့ စစ်ဆင်ရေးကြီးပြီးဆုံးသွားတဲ့နောက်တော့ အမေရိကန် CIA အဖွဲ့ဟာ အဓိက အရုပ်ဖန်တီးသူ တစ်ယောက်ရဲ့ အကူအညီ နဲ့ အိုစမာဘင်လာဒင် ပုံစံ အရုပ် တစ်ခုကို ဖန်တီး ပြုလုပ်ပြီး ထို အရုပ်မှာတော့ အနီရောင်အသားအရေ နဲ့ နတ်ဆိုးမျက်လုံး ကို ထည့်သွင်းထားပါတယ်။ ထို အရုပ်ကိုတော့ အာဖဂန် နစ္စတန် နိုင်ငံ က ကလေးတွေအတွက် ဖြန့်ချိပေးခဲ့ပြီး အိုစမာဘင်လာဒင် ဆန့်ကျင်ရေး အယူ ၀ါဒ ကို အာဖဂန်နစ္စတန် မှာ ရှိတဲ့ ပြည်သူပြည်သားတွေကြား ပျံနှံ့စေလိုတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဖန်တီးမှု ဖြစ်ပြီး ထို အစီအစဉ် နဲ့ ပတ်သက်ပြီးတော့လည်း ကြိုတင်ကြေညာထားခြင်း မရှိခဲ့ပါဘူး။ ထို အရုပ်တွေကိုတော့ အခုကစပြီး ကမ္ဘာတစ်ဝှမ်းလုံး ကိုရောင်းချတော့မှာ ဖြစ်သလို ဈေးနှုန်းကလည်း စတာလင်ပေါင် ၃၀၀၀ အထိ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အရပ် ၁၂ ပေရှည်တဲ့ ထိုအရုပ်ဟာ Hasbro ကုမ္ပဏီ ရဲ့ အမှုဆောင်အရာရှိချုပ် နဲ့ G.I.Joe ဇာတ်လမ်းရဲ့ ဖန်တီးရှင် Donald Levine က ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပြီး Levine ရဲ့သားဖြစ်သူ ကိုယ်တိုင် ပိုင်ဆိုင်ခွင့်မှာ လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။
 Ref:metro.co.uk
http://www.trend.com.mm/2015/06/19/news-6945

No comments:

Post a Comment