Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

တစ်နေ့လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ဖို့ ဆွေးနွေးသဘောတူ

ရွှေပြည်သာမြို့နယ် စက်ရုံတစ်ရုံမှ အလုပ်သမားတချို့ကိုတွေ့ရစဉ် Photo: RFA
တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမား အားလုံး အတွက် တစ်နေ့လုပ်ခကို ကျပ် ၃၆၀၀ ထားဖို့ "အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အမျိုး သား ကော်မတီ" ဆွေးနွေးပွဲမှာ ဒီနေ့ သဘောတူ လိုက်တယ်လို့ သိရပါတယ်။

အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင် ပါဝင်တဲ့ "အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အမျိုးသားကော်မတီ" ဟာ ဒီနေ့ နောက်ဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ မှာ ဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ဦးဝင်းဇော်က ပြောပါတယ်။

"ကျနော်တို့က နှုန်းတစ်ကို အတည်ပြုပြီးဆွေးနွေးနိုင်ခဲ့တယ်ပေါ့နော်၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ တပြေး ညီနှုန်းတစ်ခုပေါ့၊ တပြေးညီနှုန်းအရတော့ ၃၅၀၀နဲ့ ၄၀၀၀ကြားပေါ့၊ အတိအကျဆွေးနွေးထားတဲ့နှုန်းထား ကတော့ ၃၆၀၀ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်"

အဲဒီနှုန်းထားကို မကြာခင် အများပြည်သူကို ထုတ်ပြန်မှာဖြစ်ပြီး ကျေနပ်မှုမရှိတဲ့ သူတွေအနေနဲ့ ၂ လအတွင်း ကန့်ကွက်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နဲ့ ၂၃ ရက်တို့မှာ အနည်းဆုံး လုပ်ခ လစာ သတ်မှတ်နိုင်ဖို့ အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား၊ ကျွမ်းကျင်ပညာရှင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ အလုပ်သမားအရေး ကူညီသူတွေက ဆွေးနွေးခဲ့ကြပြီးဖြစ် ပါတယ်။

အဲဒီနှစ်ရက်ကြာဆွေးနွေးပွဲမှာ အလုပ်သမားတွေက တစ်နေ့ လုပ်အားခ ကျပ်ငွေ ၄ ထောင်သတ်မှတ်ပေး ဖို့ တောင်းဆိုခဲ့ကြပြီး အလုပ်ရှင်တွေက ကျပ် ၂၅၀၀ သာ ပေးနိုင်မှာဖြစ်ကြောင်း တင်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်လောက်ကစပြီး အနည်းဆုံးလုပ်ခလစာသတ်မှတ်ပေးဖို့ အလုပ်သမားတွေဘက်က ဆန္ဒပြတောင်းဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment