Byဇွဲဉာဏ်
အမေရိကန်နိုင်ငံသို့ သွားရောက်သော ပထမဆုံးအကြိမ်ဟစ်ဟော့ပ်ဖျော်ဖြေပွဲခရီးစဉ် 7 Stars ဒိတ်ဒိတ်ကြဲ Night ၏ နောက်ဆုံးဖျော်ဖြေပွဲကို မေလ ၃၀ရက်ညက နယူးယောက်မြို့၌ ပြုလုပ်ခဲ့ပြီး ပါဝင်ဖျော်ဖြေသူ အဆိုတော်များအားလုံး မြန်မာနိုင်ငံသို့ ဇွန်လ ၃ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘၃၀ ရက် နယူးယောက်ဖျော်ဖြေပွဲပြီးရင် ဇွန်လ ၁ ရက်မှာ ပြန်ထွက်လာမယ်။ မြန်မာနိုင်ငံကို ဇွန်လ ၃ ရက်ရောက်မှာပါ’’ ဟု ယင်းခရီးစဉ်တွင်ပါဝင်သည့် မိစန္ဒီက ပြောကြားသည်။
7 Stars ဒိတ်ဒိတ်ကြဲ Night၏ ဖျော်ဖြေရေးခရီးစဉ်တွင် စိုင်းစိုင်းခမ်းလှိုင်၊ နန္ဒစိုင်း၊ Snare၊ ဘန်နီဖြိုး၊ သီရိဆွေနှင့် မိစန္ဒီတို့ ပါဝင်ကာ အမေရိကန်နိုင်ငံ၏ မြို့ကြီးသုံးမြို့၌ ဖျော်ဖြေပွဲ လေးပွဲကို မေလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသို့ မေလပထမပတ်အတွင်းသွားရောက်ခဲ့ ခြင်းဖြစ်ပြီး မေလ ၉ ရက်တွင် ဆန်ဖရန်စစ္စကို၊ မေလ ၁၆ ရက်တွင်လော့စ်အန်ဂျလိစ်၊ မေလ ၂၃ရက်တွင် အယ်ဘာနီနှင့် မေလ ၃၀ ရက်တွင် နယူးယောက်တို့၌ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
ယင်းခရီးစဉ်တွင်ပါဝင်သည့် အဆိုတော်များက ဖျော်ဖြေပွဲတစ်ခုပြီးသည့်အချိန်တိုင်း၌ ပရိသတ်များနှင့် အမှတ်တရဓာတ်ပုံများ တင်ပေးပြီး နောက်ဆုံးဖျော်ဖြေပွဲဖြစ်သည့် နယူးယောက်ဖျော်ဖြေပွဲပြီးသည့်အချိန်တွင်လည်း အဆိုတော်စိုင်းစိုင်းခမ်း လှိုင်က နယူးယောက်ဖျော်ဖြေပွဲတွင် ဖျော်ဖြေနေသည့်ပုံနှင့် ‘‘မကျေနပ်သေးဘူး။ သီချင်းတွေနောက်ထပ်ဖျော်ဖြေချင်သေး တယ်။ ပြန်လာခဲ့မယ် နယူးယောက်’’ဟု ရေးသားထားသည်။
http://7daydaily.com/story/39004
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 7, 2015
အမေရိကန်သို့ သွားရောက်ဖျော်ဖြေသည့် ဒိတ်ဒိတ်ကြဲအဖွဲ့ ဇွန်လ ၃ ရက်တွင် ပြန်ရောက်မည်
အမေရိကန်သို့ သွားရောက်ဖျော်ဖြေသည့် ဒိတ်ဒိတ်ကြဲအဖွဲ့ ဇွန်လ ၃ ရက်တွင် ပြန်ရောက်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 07, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 07, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment