Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 19, 2015

ပထမအသုတ် ပြန်ပို့သော ဘင်္ဂလီ လှေစီးပြေး ၆၁ ဦး မလေးရှားမှ ဒက္ကားလေဆိပ်သို့ ပြန်လည်ရောက်ရှိ

သူတို့အား မြန်မာနိုင်ငံသားများ ဖြစ်သည်ဟု ဆိုကာ မြန်မာနိုင်ငံအား အမျိုးမျိုး စွပ်စွဲ ပုတ်ခတ် ရေးသား ခဲ့ကြသော်လည်း အမှန်တရားမှာ နောက်ဆုံး ပေါ်ထွက်လာခဲ့သည်။ ( ဓာတ်ပုံ- The Daily Star)
ရန်ကုန်၊ ဇွန်လ ၁၉

မလေးရှားတွင် ယာယီ ဒုက္ခသည် စခန်းဖွင့် ထိန်းသိမ်းထားသော ဘင်္ဂလာဒေ့ရှ် လှေစီးပြေး ရေမျောကမ်းတင် ၇၁၅ ဦးထဲမှ ပထမ အသုတ် ၆၁ ဦးမှာ ယမန်နေ့ (ဇွန်လ ၁၈ ရက်နေ့) က ဘင်္ဂလာဒေ့ရှ်သို့ ပြန်လည် ရောက်ရှိလာကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေ့ရှ်ထုတ် The Daily Star သတင်းစာတွင် ဖော်ပြသည်။

၎င်းလှေစီးပြေး ရေမျောကမ်းတင် ၆၁ ဦးကို ဘီမန် ဘင်္ဂလာဒေ့ရှ် လေကြောင်းလိုင်းဖြင့် ခေါ်ယူလာရာ ဇွန်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ဒက္ကားလေဆိပ်သို့ ရောက်ရှိလာသည်ဟု ယင်းသတင်းတွင် ရေးသားထားသည်။

ယခု ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူများမှာ ဘင်္ဂလာဒေရှ့်နိုင်ငံ

Cox’s Bazar, Sirajganj, Narsingdi, Narayanganj, Jessore, Jhenidah, Chuadanga and Joypurhat စသည့် ခရိုင်မှ ဖြစ်ကြသည်ဟု သိရသည်။

မလေးရှားနို်င်ငံ လန်ကာဝီ ကျွန်းတွင် ( Langkawi island) မေလ ၁၁ ရက်နေ့က လှေစီး ရေမျောကမ်းတင် ၁၀၅၁ ဦးကို မလေးရှားရေတပ်မှ ကယ်တင်ခဲ့ရပြီး သူတို့အား စိစစ်ရာတွင် ၇၁၅ ဦးမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြသည်။

မလေးရှားမှ ကယ်တင်ခဲ့ရသော ရေမျာကမ်းတင်သုံးပုံ နှစ်ပုံမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ  ဖြစ်သော်လည်း နိုင်ငံတကာ မီဒီယာများက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တစ်စုံတစ်ရာ ရေးသားဖော်ပြခြင်း မရှိဘဲ မြန်မာနိုင်ငံကိုသာ ပုံစံ အမျိုးမျိုးဖြင့် အပြစ်တင် ဝေဖန်ရေးသား ဖော်ပြခဲ့ကြသည်။

နိရဉ္စရာ
http://www.narinjara.com/burmese

No comments:

Post a Comment