CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 28, 2015
စကော့တလန်တံတားပေါ်ကနေ ခွေးတွေခုန်ချသတ်သေ ခဲ့ခြင်းအတွက် အကြောင်းအရင်းမှန်ကို ယနေ့တိုင် အဖြေရှာမရသေး
ဆယ်စုနှစ်တစ်ခုကျော် ပဟေဠိဆန်ဆန် ခွေးတွေပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့တဲ့ တံတားတစ်စင်းမှာ မည်သို့သောဆန်းကြယ်သည့် အရာတစ်ခုကြောင့်ထိုသို့ဖြစ်ရခြင်း အကြောင်းအရာကို ယနေ့တိုင်အဖြေရှာနေဆဲပါပဲ။
စကော့တလန်နိုင်ငံ၊ ဒန်ပါတန်ရှိုင်းယားအနောက်ပိုင်းမှာ တည်ဆောက်ထားတဲ့ တံတား တစ်စင်းပေါ်ကနေ ခွေးအကောင်ရေ ခြောက်ရာနီးပါးက အကြောင်းမဲ့သက်သက် ကိုယ့် ကိုကိုယ် သတ်သေသလိုနဲ့ တံတားပေါ်က ခုန်ချသတ်သေခဲ့ကြတာပဲဖြစ်ပါတယ်။
အ ဘယ့်ကြောင့် ထိုသို့သေဆုံးရတယ်ဆိုတာ အသေးစိတ်မသိပေမယ့်လည်း ခွေးပိုင်ရှင် တချို့ရဲ့ တူညီတဲ့ပြောပြချက်တွေမှာတော့ ထိုတံတားပေါ်ကိုရောက်တိုင်း ခွေးတွေက မတော်တဆ ခြေချော်ကြသွားကြတယ်လို့ ဆိုပါတယ်။
မကောင်းဆိုးဝါးတစ်ခုခုကြောင့်ဖြစ်ဖြစ်၊ မမြင်နိုင်တဲ့ဝိဥာဉ်၊ အမှောင်ပရလောကသား တွေကပဲဖြစ်ဖြစ်၊ ခွေးတွေကိုစိတ်ညှို့ပြီး သေဘေးပို့နေတာမျိုးဖြစ်နိုင်တယ်လို့ ဘာသာ ရေးနှင့်စိတ်ပညာအတွေးအခေါ်ဆရာတစ်ဦးဖြစ်တဲ့ ပေါလ်အိုဝမ်က ခန့်မှန်းပြောဆိုပါ တယ်။ “ ကျွန်တော်ဗျ။ အဲ့ဒီတံတားပေါ်ကို ရောက်ကစိတ်က မသိုးမသန့်ကြီးရယ်၊ နောက်ပြီး အနောက်ကနေပြီးတော့ တစ်စုံတစ်ယောက်က လက်ညိုးတစ်ချောင်းနဲ့ တွန်း တွန်းထုတ်နေသလိုခံစားရတယ်ဗျ။ ခွေးတွေကလည်း ဒီလိုမျိုးအတွန်းချခံရလို့ သေဆုံး ကြတာဖြစ်နိုင်လောက်တယ်လို့ ကျွန်တော်ထင်တယ်” လို့ ဆိုပါတယ်။
အခြားဒေသခံအသက်ကြီးသူတွေရဲ့ ပြောကြားချက်အရ ယင်းတံတားနေရာမှာဆိုရင် မီး တောက်တွေရဲ့မီးခိုးအနံ့အသက်တွေ၊ ရေတံခွန်ရဲ့အသံတွေနဲ့ တံတားအောက်မြေ ကြီးအောက်ကနေ Gothic တွေရဲ့ အငွေ့အသက်တွေရနေကြောင်းနဲ့ ယခင်ယင်း နေရာက သရဲခြောက်တယ်လို့ နာမည်ကျော်ခဲ့တဲ့ White Lady of Overtoun နေ ရာဖြစ်ပြီး ပိုင်ရှင်တွေက ခွေးတွေကိုဖမ်းဆီးလှောင်ထားပြီး အဲ့ဒီတံတားပေါ်ကနေခုန်ချ ကာ သတ်သေခိုင်းခဲ့ဖူးတဲ့ဖြစ်ရပ်မျိုးရှိတယ်လို့သိရပါတယ်။
Pho Thu Taw
စကော့တလန်တံတားပေါ်ကနေ ခွေးတွေခုန်ချသတ်သေ ခဲ့ခြင်းအတွက် အကြောင်းအရင်းမှန်ကို ယနေ့တိုင် အဖြေရှာမရသေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 28, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 28, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment