CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 30, 2015
အမေရိကန်တွင် အသေးစားလေယာဉ်ပျက်ကျ၊ သုံးဦးသေဆုံး
နယူးယောက် ဇွန် ၂၉
အသေးစားလေယာဉ်တစ်စင်း ပျက် ကျပြီး အိမ်တစ်လုံးကိုတိုက်မိရာ၊ လေယာဉ် ပေါ်ပါသူ သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံ များက မီးလောင်ကျွမ်းသွားသည့် အိမ် အပျက်အစီးများကို ရှင်းလင်းဆဲဖြစ် ကြောင်း ရဲဌာနက ပြောသည်။
The Beechcraft BE 36 အမျိုး အစားလေယာဉ်မှာ ပြီးခဲ့သောနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပျက်ကျခဲ့ပြီး အိမ်ကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း လေ ကြောင်း စီမံခန့်ခွဲရေးအဖွဲ့ချုပ်မှ ဂျင်ပီ တာက ပြောသည်။
အဆိုပါလေယာဉ်သည် ပင်နီဆူဗန်နီးယားလေဆိပ်မှ ထွက်ခွာ လာပြီး မန်ဆာချူးဆက်ပြည်နယ်ရှိ နော်ဝု(ဒ်) လေဆိပ်တွင် ဆင်းသက်မည် ဖြစ်သည်။
ဘော့စတွန် အနောက်တောင်ပိုင်း ရှိ ပလိန်းဗေလီအရပ်၌ ပျက်ကျခဲ့ပြီး သုံးနာရီ နီးပါးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးသတ်သမားများက ငြိမ်းသတ်ခဲ့ရ ကြောင်း မန်ဆာချူးဆက်ပြည်နယ် ရဲဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေ့(ဗ်)ပရို ကို ပီရိုကပြောသည်။
ဒေသခံများကထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လေယာဉ် ပေါ်ပါသူ သုံးဦးမှာ သေဆုံးနေနှင့်ပြီး ဖြစ်ကြောင်း ၄င်းကပြောသည်။
လေယာဉ်မှာဝင်းအတွင်းရှိ အမြင့် ပိုင်းနေရာ၌ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်နောက်ပိုင်းရှိ တောင်ပံမှာ လောင်ကျွမ်းသွားကာ နှစ်ထပ်အိမ် အဆောက်အအုံကို တိုက်မိခဲ့ခြင်းဖြစ် သည်။
အိမ်နီးချင်းများက ၄င်းတို့၏ အိမ်များအပေါ်တွင်လည်း လေယာဉ် ပျံသန်းပုံမှာ တစ်ခုခုချွတ်ယွင်းနေ သည့် အသံဖြစ်ကြောင်းကို သတိထား မိကြောင်း ပြောသည်။
အင်ဂျင်ပေါက်ကွဲသည့် အသံကို ကြားရပြီး မီးခိုးများကို မြင်တွေ့ရ ကြောင်း လေယာဉ်ပျက်ကျစဉ် အပြင် ဘက်တွင်ရှိနေသော မိုက်ဘရောင်းက သည်ဆန်းသတင်းစာသို့ ပြောသည်။
(ပီတီအိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမေရိကန်တွင် အသေးစားလေယာဉ်ပျက်ကျ၊ သုံးဦးသေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 30, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 30, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment