Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

ဘုရားရှိခိုးကျောင်းတက်သူ လူမဲ ၉ ဦးကို ပစ်သတ်မှု တရားရုံးထုတ်


တောင်ကာရိုလိုင်းနားပြည်နယ်၊ ချာလ်စတန်မြို့ရှိ၊ လူမဲအများစု ဝတ်ပြုကိုးကွယ်ရာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ လူဖြူ လူငယ်တစ်ဦး ဝင်ရောက်ပြီး သေနတ်နှင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ လူမဲ အမျိုးသား၊ အမျိုးသမီး ၉ ဦး သေဆုံးခဲ့ရသော အမှုတစ်ခု ဇွန်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ပါသည်။ လူအများအပြားကို သတ်ဖြတ်ပစ်ခဲ့သော အသက် ၂၁ နှစ်အရွယ် ဒီလန် ရု(ဖ်)ကို နောက်နေ့တွင် ဖမ်းဆီးမိခဲ့ပြီးနောက် ဇွန်လ ၁၉ ရက်၊ သောကြာနေ့က ပထမဆုံးအကြိမ် တရားရုံးထုတ်ခဲ့ပါသည်။
လူဖြူစိုးမိုးရေးဝါဒီ ဒီလန် စတောမ် ရု(ဖ်)၏ ဖေ့ဘွတ်ခ်ပေါ်မှ ဓာတ်ပုံတွင် ဂျက်ကက်အမဲပေါ်မှာ ယခင် လူဖြူစိုးမိုးခဲ့သော တောင်အာဖရိကနိုင်ငံနှင့် ရိုဒီရှား (ယခု ဇင်ဘာဘွေ) နိုင်ငံတို့၏ အလံများ တပ်ဆင်ထားသည်ကို တွေ့ရပါသည်။လူဖြူစိုးမိုးရေးဝါဒီ ဒီလန် စတောမ် ရု(ဖ်)၏ ဖေ့ဘွတ်ခ်ပေါ်မှ ဓာတ်ပုံတွင် ဂျက်ကက်အမဲပေါ်မှာ ယခင် လူဖြူစိုးမိုးခဲ့သော တောင်အာဖရိကနိုင်ငံနှင့် ရိုဒီရှား (ယခု ဇင်ဘာဘွေ) နိုင်ငံတို့၏ အလံများ တပ်ဆင်ထားသည်ကို တွေ့ရပါသည်။အခင်းဖြစ်ပွားပုံမှာ လူမဲအများစု ဝတ်ပြုသော မားသား အီမန်နျူယယ်လ် ဘုရားရှိခိုးကျောင်း၏ သမ္မာကျမ်းစာ လေ့လာဆွေးနွေးရေး အဖွဲ့သို့ လူဖြူလူငယ် ဒီလန် ရု(ဖ်)သည် တစ်နာရီကြာ တက်ရောက်ခဲ့ပြီးနောက် ပါဝင်ဆွေးနွေးသူများကို ယူဆောင်လာသော ပစ္စတိုလ်သေနတ်ဖြင့် အချက်များစွာ ပစ်ခတ်ခဲ့ပါသည်။
ကျည်ကပ် ၅ ကပ်ကုန်သည်အထိ စိန်ပြေနပြေ ပစ်ခတ်ခဲ့သောကြောင့် လူမဲ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့ရသည်။ သေဆုံးသူများတွင် ယင်းဘုရားကျောင်း၏ အကြီးအကဲ ဘုန်းတော်ကြီးဖြစ်သူ တောင်ကာရိုလိုင်းနား ပြည်နယ် အထက်အလွှတ်တော်အမတ် ကလီမင်တာ ပင့်က်နီလည်း ပါဝင်သည်။ သေနတ်သမား လူငယ်သည် အမျိုးသမီးတစ်ဦးကိုမူ အဖြစ်အပျက်စုံကို ပြန်လည်ပြောပြနိုင်ရန်ဟု ပြောဆိုကာ မသတ်ဘဲ လွှတ်ပေးခဲ့၏။
အခင်းဖြစ်ပွားပြီးနောက် လူသတ်သမားသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ဘုရားရှိခိုးကျောင်းတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာမှ ပုံများကို ရဲက သတင်းမီဒီယာတွင် ထုတ်လွှင့်၍ သတင်းပေးရန် ပန်ကြားခဲ့ပါသည်။
သတင်းပေးသူများ၏အကူအညီ
တရားခံ ဒီလန် ရု(ဖ်)၏ ငယ်သူငယ်ချင်း ဂျိုအီ မိခ်သည် ၎င်းပုံများကို မြင်လျှင်မြင်ချင်း ဒီလန် ရု(ဖ်)ဟု တပ်အပ် သေချာပေါက် သိရှိ၍ ရဲထံ သတင်းပေးခဲ့ပါသည်။ လူသတ်မှု ဖြစ်ပွားမည့်နေ့ နံနက်ပိုင်းက ဂျိုအီ၏ နေအိမ်တွင် ဒီလန် ရု(ဖ်) အလည်လာကာ Xbox ဂိမ်းအတူ ကစားခဲ့သဖြင့် ၎င်း၏စွန်းပေနေသော အင်္ကျီကိုပင် သူငယ်ချင်းက မှတ်မိနေခဲ့သည်။
တရားခံမည်သူမည်ဝါ ဖြစ်ကြောင်း ရဲက သိရှိပြီးနောက် လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်း၏ကားကို တွေ့ရှိသူများ၏ သတင်းပေးချက်အရ ဒီလန် ရု(ဖ်)ကို ဇွန်လ ၁၈ ရက်၊ နောက်နေ့၌ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှဲလ်ဘီမြို့တွင် ခုခံခြင်းမရှိဘဲ ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်း၏ ကားထဲတွင် လူသတ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ဒသမ ၄၅ ဂလော့ခ်အမျိုးအစား ပစ္စတိုလ်သေနတ်ကိုလည်း သိမ်းဆည်းမိခဲ့သည်။
ထိုသေနတ်သည် တရားခံ ဒီလန် ရု(ဖ်)၏ လွန်ခဲ့သော နှစ်လ ဧပြီလ ၆ ရက်နေ့တွင် ကျရောက်သည့် ၂၁ နှစ်ပြည့် မွေးနေ့အတွက် ဖခင်ပေးသော မွေးနေ့လက်ဆောင် ဖြစ်ကြောင်း သိရသည်။
ဒီလန် ရု(ဖ်)သည် အခင်းမဖြစ်ပွားမီက သူငယ်ချင်းနှင့် စကားပြောရာတွင် လူမဲများ ကြီးစိုးလာသောကြောင့် တားဆီးရေးအတွက် တစ်စုံတစ်ယောက်က တစ်ခုခု လုပ်ရတော့မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ဓာတ်ပုံတွင် ယခင် လူဖြူစိုးမိုးခဲ့သော တောင်အာဖရိကနိုင်ငံနှင့် ရိုဒီရှား (ယခု ဇင်ဘာဘွေ) နိုင်ငံတို့၏ အလံများကို ဝတ်ဆင်ထားသော ဂျက်ကက်အမဲပေါ် တပ်ဆင်ထာကြောင်း တွေ့ရပါသည်။
ဒီလန် ရု(ဖ်) သည် ယခင်က မူးယစ်ဆေး သုံးစွဲမှုဖြင့် နှစ်ကြိမ်အဖမ်းခံခဲ့ရဖူးပါသည်။
ဇွန်လ ၁၉ ရက်နေ့က ၎င်းအား ပထမဆုံးအကြိမ် တရားရုံးထုတ်ရာတွင် အသတ်ခံရသူများ၏ မိသားစုဝင်များက ၎င်းအား အပြစ်မှ ခွင့်လွှတ်ကြောင်းနှင့် ကျူးလွန်ခဲ့သော အပြစ်ကို ဝန်ခံကာ ဘုရားသခင်၏ သနားကရုဏာတော်ကို ခံယူရန် မေတ္တာပို့ ဆုတောင်းခဲ့ကြသည်။ လူဖြူစိုးမိုးရေး ဝါဒသမား ဒီလန်(ရုဖ်) သည် ဝမ်းနည်းသောမျက်နှာဖြင့် ဦးခေါင်းအနည်းငယ် ငုံ့သွားသည်မှအပ အခြား စိတ်ခံစားချက် မပြသကြောင်း သတင်းများတွင် ဖော်ပြကြပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=679:2015-06-20-01-25-38&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment