Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 16, 2015

မြန်မာနိုင်ငံသို့ ဈေးကွက်ချဲ့ထွင်လာသော KFC


-မြန်မာနိုင်ငံမှ Fast Food အစားအစာ နှစ်သက်သူများအနေဖြင့် အထူးလျှို့ဝှက်ထားသည့် ဟင်းရွက်နှင့်  အစပ်အဟပ် ပါဝင်ပစ္စည်း ၁၁ မျိုး ပေါင်း စပ် ထားသည့် နာမည်ကြီးကြက်ကြော်ကို အရသာမြည်းစမ်းခွင့် ရတော့ မည်ဖြစ်သည်။
စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Yoma Strategic Holdings ကုမ္ပဏီ သည် အမေရိကန် Fast Food ကုမ္ပဏီကြီး KFC ၏ မြန်မာနိုင် ငံအတွက် ပထမဆုံးဆိုင်ခွဲကို မကြာမီ ဖွင့်လှစ်တော့မည်ဟု ကြေညာခဲ့သည်။
KFC သည် ရန်ကုန်မြို့လယ်တွင် ပထမဆုံး ဆိုင်ဖွင့်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့၌ နောက်ထပ်ဆိုင်ခွဲအချို့ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်။ အဆိုပါခြေလှမ်းသည် ကာလရှည်ကြာ အထီးကျန်ရပ်တည်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံတွင် နိုင်ငံတကာအဆင့်ထိ ထိုးဖောက်အောင်မြင်နေသည့် Fast Food လုပ်ငန်းကြီးတစ်ခု ပထမဆုံးအကြိမ် အခြေချလာခြင်းလည်း ဖြစ်သည်။

‘‘KFC ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး လာရောက်အခြေစိုက်တဲ့ အမေရိကန်ရဲ့ အထင်ကရ စားသောက်ကုန်လုပ်ငန်းကြီး ဖြစ်လာပါမယ်’’ ဟု Yoma ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တွင် KFC ၏ ပထမဆုံး စားသောက်ဆိုင် ဖွင့်လှစ်မည့်နေ့ရက်ကိုမူ  အတိအကျ မကြေညာသေးချေ။
‘‘KFC အမှတ်တံဆိပ်ကို မြန်မာနိုင်ငံထဲအရောက် ယူဆောင်လာပေးခြင်းဟာ ဒီနိုင်ငံရဲ့ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းမှာ အဓိက စီမံကိုင်တွယ်တဲ့နေရာကို ရယူနိုင်ဖို့ Yoma ရဲ့ မဟာဗျူဟာ ရည်မှန်းချက်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်’’ ဟု Yoma ၏ အမှုဆောင်အရာရှိချုပ်ဆာဂျီပွန်းက ပြောကြားခဲ့သည်။
Yoma သည် KFC အမှတ်တံဆိပ်ကို တရားမဝင် အသုံးပြုနေသည့် စားသောက်ဆိုင်များနှင့် ပတ်သက်၍ ခန့်မှန်းရခက်သည့် အစီအစဉ်မျိုးဖြင့် ကာကွယ်ကိုင်တွယ်သွားဖွယ် ရှိနေသည်။
အဆိုပါဆိုင်မျိုး မည်မျှရှိနေပြီး မည်သည့်နေရာများတွင် ဖွင့်လှစ်ထားသည်ကိုမူ Yoma အနေဖြင့် အတိအကျ မသိရှိနိုင်သေးချေ။
KFC သည် အရသာထူးကဲသည့် ကြက်ကြော်များကြောင့် နှစ်ဆယ့်တစ်ရာစု၏ အထင်ရှားဆုံး စားသောက်ကုန်လုပ်ငန်း အမှတ်တံဆိပ်တစ်ခု ဖြစ်လာသည်။ လက်ရှိ နိုင်ငံတကာဈေးကွက်ထဲတွင် အိန္ဒိယ၊ တရုတ်တို့ အပါအဝင် နိုင်ငံအမြောက်အမြား၌ KFC ဆိုင်ခွဲပေါင်း ၁၄,၀၀၀ ကျော် ဖွင့်လှစ်ထားနိုင်ခဲ့သည်။
KFC  ကို ပိုင်ဆိုင်သည့် Yum! Brands သည် နှစ်အလိုက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံမျှ ရရှိနေသည်။ Yum! Brands သည် Pizza Hut နှင့် Taco Bell အမှတ်တံဆိပ်များကိုလည်း ချုပ်ကိုင်ထားသည်။
KFC သည် ပွင့်လင်းလာသည့် မြန်မာ့ဈေးကွက်ထဲတွင် အခြားသော အမေရိကန် ပြိုင်ဘက်ကြီးများကို အသာစီးယူပြီး အချိန်စော ဝင်ရောက်လာသော်လည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် ပထမဆုံး နိုင်ငံခြား Fast Food ကုမ္ပဏီတော့ မဖြစ်ခဲ့ချေ။ ၂၀၁၃ ခုနှစ်က တောင်ကိုရီးယား၏ Lotteria ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၎င်းတို့၏ ဘာဂါနှင့် ကြက်ကြော်စားသောက်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဆိုင်ခွဲခုနစ်ခုထိ ရှိနေပြီဟု ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Yoma သည် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ Department Store ဖြစ်သည့် Parkson အပြင် အိမ်ခြံမြေရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ မော်တော်ယာဉ်နှင့် အဆင့်မြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအတွက် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဖြစ်သော်လည်း အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍတစ်ခုကို ရယူရန် KFC နှင့် ပူးပေါင်းအစပြုလာခြင်း ဖြစ်သည်။
‘‘ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံခန့်ခွဲရေးကဏ္ဍဟာ ကျွန်တော်တို့ လုပ်ငန်းကြီး အစပြုတဲ့ ပထမဆုံးနေ့ရက်ကတည်းက အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ တာဝန်ယူမှုရှိတဲ့ ဈေးကွက်လက်တွေ့လုပ်ဆောင်မှုတွေဟာ ပုံမှန်တိုးတက်မှုတွေ ဖြစ်ထွန်းဖို့ အဓိကသော့ချက်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးကြီးထွားလာနေဆဲ ဈေးကွက်တွေမှာ ပိုပြီးသိသာပါတယ်’’ဟု ပွန်းက ပြောကြားသွားခဲ့သည်။
—Ref: The Nation
http://7daydaily.com/story/37356

No comments:

Post a Comment