Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 22, 2015

ISIS စစ်သွေးကြွများက ဆီးရီးယားရှိ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းမြို့ကို သိမ်းပိုက်






ဒမတ်စကတ် ၊ ၂၂-၅-၂၀၁၅

Palmyra မြို့ကို သိမ်းပိုက်ထားသော ISIS စစ်သွေးကြွ များသည် ယင်းမြို့ အနီးရှိ ယူနက်စကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရှေးဟောင်းမြို့ ကို ယမန်နေ့တွင် ဆက်လက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ISIS တို့သည် ယခင်ကလည်း အီရတ်နိုင်ငံရှိ ရှေးဟောင်း အမွေအနှစ် များကို ဖျက်ဆီးခဲ့ဖူး သဖြင့် Palmyra မြို့အနီးရှိ ရှေးဟောင်းမြို့ ကိုလည်း ဖျက်ဆီးပစ် မည်ကို စိုးရိမ်နေရပြီး ယူနက်စကို မှ တာဝန် ရှိသူများ ကလည်း ရှေးဟောင်း အမွေအနှစ် များကို ဖျက်ဆီးခြင်း သည် လူသား တစ်ရပ်လုံး အတွက်လွန်စွာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်ဟု သတိပေး ပြောကြား လိုက်ကြောင်း ၊ သို့ရာတွင် ယခုအချိန်အထိ ISIS တို့က ရှေးဟောင်းမြို့ကို ဖျက်ဆီးခြင်း ရှိ၊ မရှိကိုမူ မသိရှိရသေးပေ။

သို့သော် ISIS အရေး ကျွမ်းကျင်သူ များက ISIS စစ်သွေးကြွ တို့သည် ဂျီဟတ်များဖြစ်ပြီး ဂျီဟတ်တို့သည် ကမ္ဘာ့ အတွေးအမြင်နှင့် ဆန့်ကျင် ရသည်ကို ဂုဏ်ယူတတ်ကြ သူများဖြစ်ကြောင်း ၊ Palmyra ဟောင်းမြို့အတွက် နိုင်ငံတကာက စိုးရိမ်ပူပန် နေသည်ကို ISIS တို့ သိသွားပါက မြို့ကို ဖျက်ဆီးရန် လောင်စာဖြည့် ပေးသကဲ့သို့ ဖြစ်နိုင်ကြောင်း သတိပေး ပြောကြား ခဲ့သည်။

ယခုအခါ ISIS တို့သည် Palmyra မြို့အနီးရှိ လေဆိပ်၊ အကျဉ်းထောင်၊ ထောက်လှမ်းရေး ဌာနချုပ်နှင့် ဆီးရီးယား အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရုံး တို့ကိုလည်း သိမ်းပိုက် ထိန်းချုပ် ထားကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment