ဝါရှင်တန် ၊ ၂၂-၅-၂၀၁၅
နိုင်ငံတကာ အာကာသစခန်း မှ ပြန်လည်ထွက်ခွာ လာသည့် အမေရိကန် ကုန်တင် အာကာသယာဉ် Dragon သည် ၄င်း၏ ထောက်ပံ့ရေး မစ်ရှင် ပြီးဆုံးပြီးနောက် ကမ္ဘာမြေပြင်သို့ ယမန်နေ့တွင် အောင်မြင်စွာ ပြန်လည် ထွက်ခွာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်တင် အာကာသယာဉ် သည် နိုင်ငံတကာ အာကာသ စခန်းတွင် တစ်လခန့်ကြာ တာဝန် ထမ်းဆောင် ခဲ့ပြီးနောက် ယမန်နေ့ နံနက် ၄ နာရီ ၄ မိနစ်ခန့်က ပြန်လည်ထွက်ခွာ လာခြင်းဖြစ်ပြီး ယင်း အာကာသယာဉ် မှာ မေ ၂၂ ရက် နံနက် ၁၂ နာရီ ၄၂ မိနစ်တွင် ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ပြန်လည် ဆင်းသက် နိုင်မည်ဟု မျှော်မှန်း ထားကြောင်း နာဆာ အဖွဲ့က ပြောကြား ခဲ့သည်။
နာဆာအဖွဲ့သည် ကုန်တင် အာကာသယာဉ် Dragon ကို ဧပြီ ၁၄ ရက်တွင် SpaceX Falcon ဒုံးပျံကို အသုံးပြု၍ ဖလော်ရီဒါ ပြည်နယ် ရှိ ကိတ်နာဗာရယ်လ် အာကာသ စခန်းမှ လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး အာကာသ စခန်းသို့ သုံးရက် အကြာတွင် ရောက်ရှိခဲ့သည်။
Dragon ကုန်တင် အာကာသယာဉ် သည် အာကာသ စခန်းသို့ ကော်ဖီဖျော်စက် ၊ သုတေသန ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း နှစ်တန်ခန့်ကို ပို့ဆောင် ပေးခဲ့သည်ဟု နာဆာအဖွဲ့က ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment