Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 23, 2015

ကျန်းမာရေးထိခိုက် စေနိုင်တဲ့ e-cigarettes နဲ့ Vape သောက်သုံးသူ အရေအတွက် မြင့်တက်နေဆဲ ပဲ ဖြစ်



ပြီးခဲ့တဲ့ နှစ်တုန်းက လူဦးရေ ၅ သိန်းခန့်ဟာ ဆေးလိပ်သောက်တဲ့ အကျင့် ကိုဖျောက်ပစ်ဖို့အတွက် e-cigarettes တွေကို ပြောင်းသောက်လာကြတယ်လို့ သုတေသနတစ်ခု က ပြသခဲ့ပါတယ်။

Action on Smoking and Health (ASH)  အဖွဲ့က ပြောခဲ့တာကတော့ ဗြိတိန် နိုင်ငံမှာ e-cigerattes နဲ့ Vape သောက်သုံးသူ ၂.၁ သန်းခန့်ရှိရာမှ ၂၀၁၄ ခုနှစ်မှာ ၂.၆ သန်းထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သောက်သုံးမှု ပမာဏ တိုးလာစေတဲ့ လူတွေဟာ အရင်တုန်းက ဆေးလိပ်သောက်တတ်ကြသူများ ဖြစ်နေတာများပြီး e-cigarettes ကို ဆေးလိပ်ဖြတ်တဲ့ အရာ အဖြစ် သောက်သုံးလာကြတယ်လို့လည်း သိရပါတယ်။

တစ်ကယ်တော့ ဒါဟာ မှားယွင်းနေတာ ဖြစ်တယ်လို့ ASH အဖွဲ့က သတိပေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထို e-cigarettes တွေဟာ ဆေးလိပ်တွေထက်ပိုပြီး အန္တရာယ်ရှိနေလို့ပါ။

မနှစ်က ၁၅ ရာခိုင်နှုန်းသာ e-Cigarettes သောက်ခဲ့ကြတဲ့ လူအရေအတွက် ဟာ ၂၀၁၅ မှာ ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနေပါပြီ။  ဒါ့အပြင် စီးကရက်တောင် မသောက်တတ်ခဲ့ပဲနဲ့ Vape သောက်သုံးခဲ့သူ ၀.၂ ရာခိုင်နှုန်းရှိနေပြီလို့လည်း သိရပါတယ်။

သိပ်မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ သုတေသန တစ်ခုအရတော့ အမေရိကန် လူမျိုးတွေက e-cigarettes တွေနဲ့ Vape တွေရဲ့ ဓာတုပစ္စည်း ပါဝင်မှုကို ကြွက်တွေနဲ့ စမ်းသပ်လိုက်တဲ့အခါမှာ လူတွေကို ကျန်းမာရေး ထိခိုက်စေမယ့် ဓာတုဗေဒ ပစ္စည်းတွေ ပမာဏ များပြားစွာ ပါဝင်နေပြီး အဆုတ် နဲ့ ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်သလို ခုခံအား စနစ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လူတွေကို အန္တရာယ် ဖြစ်စေနိုင်တဲ့ e-cigarettes နဲ့ Vape သောက်သုံးသူ အရေအတွက် ကတော့ မြင့်တက်နေဆဲ ပဲ ဖြစ်ပါတယ်။

( Mario )

Ref : Dailymail
http://health.thithtoolwin.com/2015/05/e-cigarettes-vape.html

No comments:

Post a Comment