CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 4, 2015
မြန်မာပရိသတ်အများစု ပက်ကွီအိုကိုအနိုင်ပေး
ရာစုနှစ်၏ အကောင်းဆုံး လက်ဝှေ့ပွဲဟု တင်စားသော အမေရိကန်နိုင်ငံသား ဖလွိုက်ဒ်မေ၀ယ်သာနှင့် ဖိလစ်ပိုင်နိုင်ငံသား မန်နီ ပက်ကွီအိုတို့ လက်ဝှေ့ပွဲကို မြန် မာပရိသတ်များ ကြည့်ရှုခဲ့ကြပြီး ပွဲအပြီးတွင် ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာ၌ လက်ဝှေ့ပွဲ အကြောင်း ဆွေးနွေးမှုများခဲ့သည်။
ပက်ကွီအိုကို အားပေး သောပရိသတ်များပြီး ပက်ကွီအို မှာ ပိုမိုဖိထိုးနိုင်သဖြင့် နိုင်သင့် သည်ဟု လူမှုကွန်ရက်တွင်ပြောဆို ရေးသားနေကြသည်။
ဒိုင်လူကြီးများဖြစ်ကြသော ဒေးဗစ်မိုရက်တီ၊ ဘာ့တ်ကာလီ မန့်နှင့် ဂလန်းဖဲလ်မန်းတို့က မေ ၀ယ်သာကို ၁၁၈-၁၁၀၊ ၁၁၆- ၁၁၂၊ ၁၁၆-၁၁၂ မှတ်စီဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။
မြန်မာပရိသတ်အများစုက ထို၁၂ ချီလက်ဝှေ့ပွဲတွင် ဖိလစ်ပိုင် နိုင်ငံသားက အမေရိကန်နိုင်ငံ သားကို ပိုမိုဖိထိုးတိုက်စစ်ဆင်နိုင် ပြီး မေ၀ယ်သာမှာ ကြိုးဝိုင်းအ တွင်း ပတ်ပြေးနေသည့်အတွက် လူမှုကွန်ရက်၌ သရော်ထားကြ သည်။
‘‘ပတ်ပြေးနေတဲ့သူက အနိုင် ရတယ်။ မျက်နှာကြီးရာ ဟင်း ဖတ်ပါ။ အာရှသားမို့အနှိမ်ခံရ တာလားမသိပါ။ ပက်ကွီအိုကွ အာဆီယံသားကွ....ဒုန်းဒုန်းဒုန်း’’ ဟု စသည်ဖြင့် မိမိဖေ့စ်ဘွတ်ခ်တွင် ၎င်းတို့၏ထင်မြင်ချက်များ ရေးသားထားကြသည်။
‘‘ဘယ်လိုကြောင့် မေ၀ယ် သာကို အနိုင်ပေးလိုက်တာလဲ မေးပေးလို့ရမလား။ ဘောက်ဆင် မှာ ချက်အောက်ထိုးလို့မရဘူး။ လက်သီးချက်အောက်ရောက်ရင် ဖောင်းတယ်။ လက်ကိုဆွဲပြီး ထိုး လို့မရဘူး။ လက်ဆွဲထိုးရင်ဖောင်း တယ်။ ဒီနေ့ပွဲမှာ မေ၀ယ်သာ ဖောင်းတာ ဘယ်နှစ်ကြိမ်လဲ ဆိုတာ ကြည့်တတ်တဲ့လူတွေ တွေ့မှာပါ။ ပက်ကွီအို att (တိုက် စစ်)၊ မေ၀ယ်သာက def (ခံစစ်) ဘာကြောင့်လဲ။ မေ၀ယ်သာကို ဘာကြောင့်အနိုင်ပေးလိုက်တာ လဲ။ ဒီနေ့ပွဲမှာ ယိုင်ထွက်သွား တာဘယ်သူလဲ။ ဒိုင်တွေဘယ်လိုများ အမှတ်ပေးလိုက်တာလဲ မေးပေးပါဗျာ’’ဟု Ko Gyi Mell အမည်ရှိ ဖေ့စ်ဘွတ်ခ်အ ကောင့်ပိုင်ရှင်က ရေးသားထား သည်။
ရန်ကုန်မြို့တွင် မေလ ၃ရက် နံနက်က လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ၏ တီရုပ်မြင်သံကြားရှေ့တွင် လက်ဝှေ့ပရိသတ်များအားပေးခဲ့ကြပြီး အာရှသားဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသား ပက်ကွီအိုကို ပိုမိုအားပေးခဲ့ကြသည်။
‘‘အမှတ်ပေးစနစ်ကအငြင်း ပွား ဖွယ်ရာပဲ။ သမိုင်းဝင်ပွဲကြီးဖြစ် တော့ ဒိုင်တွေ အမှတ်ပေးချင် တိုင်းပေးလို့မရအောင်၊ ပွဲကြည့် ပရိသတ်တွေ စိတ်ကျေနပ်မှုရ အောင် ပွင့်လင်းမြင်သာမှုရှိရင် ကောင်းမယ်။ သဘောကတော့ ပြီးသွားတဲ့ပွဲကို အနှေးပြန်ပြပြီး တစ်ချီချင်း ဘယ်ပွိုင့် ဘယ်ထိ ချက်ကို ဘယ်ဒိုင်က ဘယ်နှမှတ် ပေးတယ်ဆိုတာမျိုး ပြနိုင်မယ်ဆို ရင် ပရိသတ်က ကျေနပ်ကြမှာပါ။ အခုပွဲကို ဒိုင်ကအနိုင်ပေးပေမယ့် ပွဲကြည့်သူအများစုကတော့ အ ငြင်းပွားဖွယ်ရာ အနိုင်ရှိမှုလို့ စိတ် ကျေနပ်မှုရှိကြမှာ မဟုတ်ပါဘူး’’ ဟု Tin Maung Soe ဆိုသူက မှတ်ချက်ပေးရေးသားသည်။
‘‘လက်သီးအထွက်များတာ တော့ ပက်ကွီအိုပေါ့။ ဒါပေမဲ့ မထိတာများပါတယ်။ မေ၀ယ် သာက ရှောင်တယ်။ ထောက် လက်သီးတွေနဲ့ အမှတ်ယူတယ်။ အဲဒီမှာ ကွာတာထင်တယ်။ အထိုး များတဲ့လူ အနိုင်ဆိုရင်တော့ ပက် ကွီအိုပေါ့’’ဟု လက်ဝှေ့ဝါသနာ ရှင် ကိုဇင်က မှတ်ချက်ပေးသည်။
‘‘အမှတ်သိပ်မကွာပါဘူး။ ကိုယ်တွေကတော့ ပတ်ပြေးနေ တာပဲမြင်တယ်။ ဒိုင်တွေလုပ်ပေး လိုက်တာပဲဖြစ်မှာပါ’’ဟု အောင် မြင်အမည်ရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုသည်။
ယခုနိုင်ပွဲကြောင့် မေ၀ယ်သာသည် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား သက်တမ်းတစ် လျှောက် ၄၈ ပွဲထိုးသတ်ပြီး ပွဲ စဉ်အားလုံးအနိုင်ရသည့် စံချိန်ကို ပိုင်ဆိုင်ခဲ့သည်။ ပက်ကွီအိုကမူ ၎င်း၏ ခြောက်ပွဲမြောက် အရှုံးနှင့် ကြုံခဲ့ရသည်။
7daydaily
မြန်မာပရိသတ်အများစု ပက်ကွီအိုကိုအနိုင်ပေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 04, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment