Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

တောင်ကြီးမြို့တွင် လူငယ်တစ်စုက တုတ်ဓားများဖြင့် စတိုးဆိုင်အတွင်းသို့ ၀င်ရောက်ရမ်းကား


Wednesday, May 20, 2015
တောင်ကြီးမြို့ ရေ အေးကွင်းရပ်ကွက် အရှေ့မြို့ ပတ်လမ်းရှိ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်ကို မေလ ၁၈ ရက် ည ၇ နာရီခန့်တွင်လူငယ်တစ်စုက ဆိုင်ကယ်များဖြင့် ရောက်လာကာ တုတ်၊ ဓားများ ဖြင့် ၀င်ရောက်ရိုက်ခုတ်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
‘‘လူ ၁၅ ယောက်၊ အယောက်၂၀ လောက်ရှိမယ်။ အလူမီနီယံ ချောင်းတွေ၊ ဓားရှည်တွေ၊ တုတ် တွေ၊ ခဲလုံးအကြီးတွေနဲ့ ဆိုင်ဝ ကနေ အော်ဆဲကြီး ၀င်ခုတ်ကြ တာပါ။ တရုတ်လူမျိုးတွေချည်း ပါပဲ။ ဆိုင်ထဲမှာရှိနေတဲ့ ကျွန်မ တူလေးနှစ်ယောက်နဲ့ သူငယ်ချင်း သုံးယောက်စလုံး ဒဏ်ရာတွေ ရကုန်ပါတယ်’’ဟု လက်ဆောင် ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မမိုး မိုးက ပြောသည်။
ဆိုင်ထဲဝင်ခုတ်သည့် လူ ငယ်အုပ်စုနှင့် မည်သည့်ရန်ငြိုး ရန်စမှ မရှိသည့်အပြင် အကြောင်းမဲ့ ရန်ရှာကာ ၀င်ရောက်စော်ကား ခုတ်ခြင်းဖြစ်သည်ဟု မမိုးမိုးက ဆက်လက်ပြောကြားသည်။
ဆိုင်ရှင် မမိုးမိုးကိုယ်တိုင်က ကာကွယ်ကာ အော်ဟစ်ခြင်း၊ ကိုယ်ဖြင့် ကာထားပေးခြင်းတို့ကြောင့် ၎င်း၏တူနှစ်ဦးမှာ ခေါင်းနှင့် မျက်လုံးအောက်တို့တွင် ဓားပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး တူနှစ်ဦး၏ သူငယ်ချင်းနှစ်ဦးမှာ ထိုးကြိတ်ဒဏ်ရာ၊ အရိုက်ခံရသည့် ဒဏ်ရာများရရှိခဲ့သည်ဟု အခင်းဖြစ်ပွားချိန်တွင် ဆိုင်ထဲ၌ အတူရှိနေသည့် မမိုးမိုး၏ ညီမ မငယ်ငယ်က ပြောသည်။
‘‘မင်းမဲ့စရိုက်ဆန်ဆန်ပဲ။ ရုပ် ရှင်ကားတွေထဲက လမ်းသရဲတွေ လိုဝင်လာပြီးတော့ သောင်းကျန်း သွားတယ်။ နောင်ဒီလို စော်ကား မှုမျိုးတွေ မဖြစ်အောင်လို့ သက် ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားတယ်’’ ဟု မငယ်ငယ်က ဆိုသည်။
ဒဏ်ရာရရှိသူများအနက် မမိုးမိုး တူနှစ်ဦး၏ အခြေအနေ မှာ စိုးရိမ်ရသည့်အတွက် တောင်ကြီးမြို့ စ၀်စံထွန်း ဆေးရုံကြီး အရေးပေါ် ကုသဆောင်တွင် တက်ရောက်ကုသနေရကြောင်း သိရသည်။
နယ်မြေခံရပ်တပ်ဖွဲ့က ပြစ် မှုကျူးလွန်သူများအား ညတွင်း ချင်းလိုက်လံဖမ်းဆီးခဲ့ရာ လေးဦး ကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရေအေးကွင်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုင်းခမ်းလောဝ်က ပြောသည်။
‘‘ကွင်းဆက်တရားခံတွေကို ဒီနေ့လိုက်ဖမ်းနေတယ်။ ဒီလိုအ ဖြစ်မျိုး လက်လည်းမခံနိုင်ဘူး’’ ဟု ဦးစိုင်းခမ်းလောဝ်က ပြော သည်။
ယင်းဖြစ်စဉ်ကို တောင်ကြီး မြို့ အမှတ်(၂)နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန် သူများအားလုံး ဖမ်းမိစေရေးအတွက် အပူတပြင်းစုံစမ်းစစ်ဆေး လျက်ရှိသည်ဟု အမှတ်(၂)စခန်းမှ တာဝန်ခံရဲအရာရှိက ပြော ကြားသည်။
တောင်ကြီးမြို့တွင် အုပ်စု ဖွဲ့ဓားခုတ်မှုများ မကြာခဏဖြစ် ပွားနေပြီး ပြီးခဲ့သည့် မေလ ၁၆ ရက်ကလည်း တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ဗိုလ်ချုပ်လမ်း ပေါ်ရှိ ပလက်ဖောင်းခုံပေါ်တွင် ယခုဖြစ်စဉ်နှင့် အလားသဏ္ဌာန် တူအုပ်စုဖွဲ့ ဓားခုတ်မှုဖြစ်ပွားခဲ့ သည်။
ဓားခုတ်ခံရသူများမှာ နား ရွက်ပြတ်ရှခဲ့ပြီး ပြစ်မှုကျူးလွန်သူ များကို ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း တောင်ကြီးမြို့ မြို့ မရဲ စခန်းမှ သတင်းရရှိသည်။
7 Day Daily

No comments:

Post a Comment