Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 26, 2015

သင့်မျက်နှာမှ ထင်ဟပ်နေတဲ့ သင့်ရဲ့ ဝိသေသစရိုက် လက္ခဏာများ


မျက်နှာဆိုတာ လူ့အတွင်းစိတ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ ကြေးမုံပြင်လို့ ရှေးတရုတ်တွေ ယုံကြည်ကြသလို အနောက်တိုင်းမှာလည်း အလယ်ခေတ် အလှမယ်တွေကို ကြင်နာတတ်သူတွေလို့ ယုံကြည်လက်ခံထားပါတယ်။ နောက်ပြီး ရုပ်ဆိုးမှုကို မလိုမုန်းထားစိတ်ရှိတဲ့ လက္ခဏာတစ်ခုအဖြစ် မှတ်ယူထားပါတယ်။

ဒီလိုအချက်အလက်တွေကို ခုခေတ်မှာ ခေတ်နောက်ကျတယ်လို့ မှတ်ယူထားပေမယ့် လူ့မျက်နှာပုံသဏ္ဍာန်နဲ့ ပင်ကိုလက္ခဏာနှစ်ခုကြား ဆက်နွယ်မှုရှိကြောင်း ဆက်လက်ယုံကြည်နေသူများစွာရှိပါတယ်။

မျက်နှာဝိုင်းဝိုင်း

မျက်နှာဝိုင်းဝိုင်းရှိသူတွေဟာ စိတ်ထိခိုက်လွယ်သော၊ ဆတ်ဆတ်ထိမခံသောသူနဲ့ ဆွေမျိုးတွေနဲ့ တခြားသူများရဲ့ အာရုံစိုက်မှု ခံရသောသူတွေဖြစ်ပါတယ်။ အမျိုးသားတွေဆိုရင် ဖိုမစိတ်ပြင်းပြပြီး ခိုင်မြဲရှည်ကြာတဲ့ ချစ်သူစုံတွဲဘဝကို ပိုင်ဆိုင်ကြပါတယ်။

စတုရန်းပုံသဏ္ဍာန်မျက်နှာ

စတုရန်းပုံသဏ္ဍာန်မျက်နှာရှိသူအများစုမှာ စိတ်အားထက်သန်မှုရှိတတ်ကြပါတယ်။ ဒါကလည်း ဒီလူတွေ ရန်လိုတဲ့စိတ်၊ ရည်မှန်းချက်ကြီးများပြီး စိုးမိုးခြယ်လှယ်လိုသူတွေ ဖြစ်တဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။ စိစစ်ခွဲခြားစိတ်ဖြာတတ်သောဥာဏ်ရှိပြီး ဆုံးဖြတ်ချက်ခိုင်မာကြပါတယ်။

မျက်နှာရှည်ရှည်

မျက်နှာရှည်ရှည်ရှိသူတွေဟာ လက်တွေ့အရမ်းဆန်ပြီး အလုပ်လုပ်ရတာမှာ အခက်အခဲဆိုတာ မတွေ့မတတ်သူတွေဖြစ်ပါတယ်။ အများအားဖြင့် ခန္ဓာကိုယ်ပြည့်ဖြိုးပြီး ကျန်းမာကြံ့ခိုင် ဖျတ်လတ်ကြတယ်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲမှုကြောင့် ချစ်သူစုံတွဲ ဆက်ဆံရေးတွေမှာ ပြသနာတွေရှိကြတယ်။

တြိဂံပုံသဏ္ဍာန်မျက်နှာ


ဒီလိုမျက်နှာမျိုးနဲ့ ပုဂ္ဂိုလ်တွေက ပိန်ပေမယ့် စွဲမက်စရာကောင်းတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားသလို အသိဥာဏ်လည်းထက် မြက်ကြပါတယ်။ ဒီလိုမျက်နှာမျိုးနဲ့သူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အသိရှိရုံတင်မက မြူးကြွတဲ့ စရိုက်လက္ခဏာလည်း ပိုင်ဆိုင်ထားကြပါတယ်။
http://www.trend.com.mm/2015/05/25/lifestyle-6693

No comments:

Post a Comment