CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 4, 2015
လူသားချင်း မေတ္တာထားတဲ့စိတ် နဲ့ နီပေါ ငလျင် အတွက် ငွေကျပ် ၁၆ သိန်း လှူဒါန်းခဲ့တဲ့ ဆုန်သင်းပါရ်
ဧပြီလ ၂၅ ရက်နေ့ MEP မှာ ကျင်းပခဲ့တဲ့ တေးသံရှင် ဆုန်သင်းပါရ် ရဲ့ "အထင်ကရတေးများ"လိုက်ဖ် ရှိုးမှာ ဆုန်သင်းပါရ်က သူ့ကို ဆုချတဲ့ ငွေထဲက ၁၆သိန်းကို နီပေါ ငလျင် ဒုက္ခသည် များအတွက် လှူဒါန်းခဲ့ပါ တယ်။ အခုလို လှူဒါန်းဖြစ်ခြင်းနဲ့ ပတ်သက်ပြီး ဆုန်သင်းပါရ်က
"မဆုန်သင်းရဲ့ One Lady Show ကို အပြင်ပရိသတ်တွေ လာကြည့်ကြသလို ကိုယ့်အနုပညာ မောင်နှမတွေ လည်း အများကြီး လာကြတယ်။ အစ်မရဲ့ပွဲမှာ ဆုချ တဲ့ ငွေ လေးကို လှူဖြစ်တာပါ။ အစက တော့ စိတ်ထဲမှာ သိနေပေမယ့် ဘယ်လို လှူရမှန်း မသိဘူး။ ဆရာဦး ဝင်းမင်းထွေးတို့၊ ဦးမင်းချစ်သူ တို့က သူတို့ တရားဝင် ဖွဲ့ထား တဲ့ နီပေါ- မြန်မာ ချစ်ကြည်ရေး အဖွဲ့ဆိုတာ ရှိ တယ်လို့ သူတို့ ကနေ ပြောလာတဲ့ အခါကျတော့ အစ်မတို့ Band နဲ့ လည်း တိုင်ပင်ပြီး လှူဖြစ်သွားတာ ပါ"လို့ ရှင်းပြပါ တယ်။
သူ လှူဒါန်း လိုက်တဲ့ ငွေပမာဏ က မပြောပ လောက်ပေမယ့် စေ တနာ ၊ မေတ္တာ အဓိက ဖြစ်ကြောင်း ပြောတဲ့ ဆုန်သင်းပါရ် က အိမ်နီးချင်း နိုင်ငံ အတွက် လူသား ချင်းမေတ္တာ ထားတဲ့စိတ်နဲ့ လှူဒါန်း ရခြင်းဖြစ် ကြောင်း ဆိုပါတယ်။
"နီပေါနိုင်ငံ ကလည်း ကိုယ့်ရဲ့ အိမ်နီးချင်း နိုင်ငံပဲလေ။ သူတို့ဆီမှာ တန်ဖိုးဖြတ် လို့ မရတဲ့အရာတွေ အများကြီး ရှိတယ်။ ကျန်ရစ်သူတွေ အတွက် ကိုလည်း ဝမ်းနည်း ခံစားမိ တယ်။ ကိုယ့်မြန်မာပြည်မှာ နာဂစ်ဖြစ် တုန်းကဆို အစ်မတို့ ရွာတွေသွား ခဲ့တာဆိုတော့ ကိုယ်ချင်းစာတယ်။ ကိုယ်က ဒီထက်မ ကလည်း အများ ကြီး လှူချင်ပါတယ်။ ကိုယ့်မြန်မာ ပြည်မှာလည်း အခက် အခဲတွေ အများကြီး ရှိတယ်။ နီပေါက တအား အလှမ်းဝေးတယ် လို့ ပြော ကြတာရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စေတနာ၊ မေတ္တာက အဓိက ပါပဲ။ ၁၆ သိန်း ဆိုတာ ကလည်း ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ ဒီဟာကို လှူလိုက်ခြင်း အားဖြင့် သူများတွေလည်း လှူဖြစ် သွားအောင် မြန်မာပြည် အနေနဲ့ လည်း ကိုယ့် အိမ်နီးနားချင်း နိုင်ငံကို လူသား အချင်းချင်း မေတ္တာ ထားပါတယ် ဆိုတာကိုလည်း ပြနိုင် အောင်" လို့တေးသံရှင် ဆုန်သင်းပါရ်ထံမှ သိရ ပါတယ်။ အထင် ကရတေး များ One Lady Show နဲ့ပတ်သက် လို့လည်း ဆုန်သင်းပါရ်က ဘဝမှာ အဖြစ်ချင်ဆုံး ဆန္ဒ တစ်ခု ဖြစ်မြောက် သွားတဲ့အတွက် ကျေနပ်မိကြောင်း လာရောက် ကြည့်ရှုကြတဲ့ အနုပညာမောင်နှမ များ ပရိသတ် များကိုလည်း ကျေးဇူးအထူး တင်ကြောင်း ပြောပါတယ်။
ဒီပွဲနဲ့ ပတ်သက်လို့ "အမှန်တကယ်တော့ ဒီ ပွဲက သင်္ကြန် ပြီးပြီးချင်းလည်းဖြစ် တယ်ဆိုတော့ စိတ်ထဲမှာ စိုးရိမ်စိတ် တွေရှိတယ်။ ဒါပေမဲ့လို့လည်း တကယ့် ပွဲနေ့မှာ ကိုယ့် အနုပညာရှင် ညီအစ် ကိုမောင်နှမတွေလည်း အချိန်ပေးပြီး လာကြတယ်။ ပြီးတော့ အစ်မရဲ့အဆို တော် သက်တမ်း တစ်လျှောက်မှာ ကိုယ် အလုပ်ချင်ဆုံး အလုပ်ကို လုပ် လိုက်ရတဲ့အတွက် စိတ်ထဲမှာ တအား ကျေနပ်တယ်" လို့ ဆုန်သင်းပါရ် ထံမှ သိရပါတယ်။ ဆုန်သင်းပါရ်ရဲ့ အထင် ကရတေးများ ရှိုးကို အခွေပြန်ထုတ်ဖို့ ရှိကြောင်း သိ ရပြီး တေးသံရှင် ဆုန် သင်းပါရ် ရဲ့အနုပညာ လှုပ်ရှားမှုတွေ အနေနဲ့ ဇူလိုင် ပထမ အပတ်မှာ သွားမယ့် အမေရိက ဖျော်ဖြေရေး ခရီးစဉ် နဲ့ သူရဲ့ တစ်ကိုယ်တော် အခွေ ထွက် ဖို့ရှိကြောင်း သိရပါတယ်။
မျိုးမောင်
Popular Journal
လူသားချင်း မေတ္တာထားတဲ့စိတ် နဲ့ နီပေါ ငလျင် အတွက် ငွေကျပ် ၁၆ သိန်း လှူဒါန်းခဲ့တဲ့ ဆုန်သင်းပါရ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 04, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment