CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, May 9, 2015
အွန်လိုင်းလိင်ဝန်ဆောင်မှု ဒေါ်လာတစ်သိန်းဖိုး ဝယ်ယူခဲ့တဲ့ ပင်တဂွန်ဝန်ထမ်းများ
ပင်တဂွန်လို့လူသိများတဲ့ အမေရိကန်စစ်ဌာနချုပ်က ဝန်ထမ်းတစ်ချို့ဟာ အစိုးရက အသုံးပြုခွင့်ပေးထားတဲ့ အထူးဈေးဝယ်ကဒ်တွေအသုံးပြုပြီး အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဌာနက ဖော်ထုတ်လိုက်ပါတယ်။
အွန်လိုင်းလောင်းကစားမှုတွေအတွက် စုစုပေါင်း ဒေါ်လာတစ်သန်းနီးပါး အသုံးပြုခဲ့ကြပြီး လိင်ပိုင်းဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှုတွေအတွက် ဒေါ်လာ ၉၆,၅၇၆ သုံးစွဲခဲ့ကြတယ်လို့ ဖော်ထုတ်ထားပါတယ်။ ကာကွယ်ရေး ဌာနက စုံစမ်းစစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာထဲမှာ ဒီလိုဖော်ပြထားတာဖြစ်ပြီး ဒါကိုအများသိအောင် ကြေငြာမှု မပြုလုပ်ရသေးပါဘူး။ ဒီကိစ္စအပေါ် အရေးယူဖို့လိုအပ်တာတွေ လုပ်ဆောင်ခဲ့ပြီးပြီလို့လည်း ကာကွယ်ရေးဘက်က တာဝန်ရှိသူတွေက တရားဝင်ပြန်ထားပါတယ်။
အစိုးရက ပင်တဂွန်အရာရှိတွေနဲ့ ဝန်ထမ်းတွေအတွက် ထုတ်ပေးထားတဲ့ ဈေးဝယ်ကဒ်တွေဟာ အလုပ်ကိစ္စခရီးသွားတဲ့အခါ ကုန်ကျမယ့် စရိတ်တွေကိုသုံးစွဲလို့ရအောင် ထုတ်းပေးထားတာဖြစ်ပါတယ်။ ပင်တဂွန်ရုံးဟာ အမေရိကန်အတွက် အရေးအပါဆုံး ရုံးချုပ်တစ်ခုဖြစ်ပြီး နေ့ညမပြတ် အလုပ်လုပ်သူတွေ ရှိရာနေရာဖြစ်ပါတယ်။
Ref - CNN
http://www.planet.com.mm/detail/27749/Sports
အွန်လိုင်းလိင်ဝန်ဆောင်မှု ဒေါ်လာတစ်သိန်းဖိုး ဝယ်ယူခဲ့တဲ့ ပင်တဂွန်ဝန်ထမ်းများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment